YUPT ရှယ်ယာရှင် တစ်ရာကျော်ပိုင်ဆိုင်သည့် ရှယ်ယာများကို အစိုးရမှ ပြန်လည်ဝယ်ယူပေးရန် တောင်းဆိုထား

436

ရန်ကုန်၊ နိုဝင်ဘာ
YUPT ကုမ္ပဏီတွင် ပါဝင်ထား သော ရှယ်ယာများကို တိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ ပြန်လည် ဝယ် ယူပေးရန် ရှယ်ယာရှင် တစ်ရာ ကျော်က တောင်းဆိုထားကြောင်း သိရသည်။

ရန်ကုန်မြို့ပြ သယ်ယူပို့ ဆောင်ရေး အများနှင့်သက်ဆိုင် သောကုမ္ပဏီတွင် ရှယ်ယာ ပါဝင် ထားသည့် ရှယ်ယာရှင် ၂၉ဝ ထဲမှ ၁၆၂ ဦးသည် မိမိတို့ပိုင်ဆိုင်သည့် ရှယ်ယာများကို တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ပြန်လည်ဝယ် ယူပေးရန် တောင်းဆိုထားသည်။

“ရှယ်ယာရှင် ၁၆၂ ဦးက ကုမ္ပဏီမှာ ဆက်ပြီး မပါချင်တော့ ဘူး၊ သူတို့ရဲ့ ရှယ်ယာတွေကို တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ပြန်ဝယ်ပေးပါဆိုပြီး တင်ပြထား တယ်၊ နောက်ထပ် ရှယ်ယာရှင်တွေ ကလည်း သူတို့ရဲ့ရှယ်ယာတွေကို ပြန်ရောင်းမယ်ဆိုပြီး ပြောနေတာ တွေ ရှိတယ်၊ အကုန်လုံးရဲ့သဘော ထားတောင်းခံပြီး YRTA ကို ထပ်ပြီး တင်ပြမှာ ဖြစ်ပါတယ်”ဟု YUPT ကုမ္ပဏီကို မတည် တည်ထောင် သည့် ရှယ်ယာရှင်တစ်ဦး ဖြစ်သူ ဦးထွန်းဦးက ပြောသည်။

ရှယ်ယာများ ရောင်းချရာ တွင် သုံးနှစ်အတွင်း ရင်းနှီးမြှုပ်နှံ ထားသည့် အမြတ်ငွေကိုပါ ထည့် သွင်းတွက်ချက်ပေးရန် တောင်းဆို ထားသည့် ရှယ်ယာရှင်များရှိသလို မူလနှုန်းထားအတိုင်းသာ ပြန်လည် တောင်းခံထားသည့် ရှယ်ယာရှင် များလည်း ရှိသည်။ ရှယ်ယာရှင် တစ်ဦးလျှင် အနည်းဆုံးအစုရှယ် ယာ တစ်ခုမှ လေးခုအထိရှိပြီး ရှယ် ယာရှင် ဦးရေ ၂၉ဝ အတွက် ရင်း နှီးမြှုပ်နှံငွေ ကျပ် ငါးဘီလျံ ကျော် ရှိသည်။

ရန်ကုန်မြို့ပြ သယ်ယူပို့ ဆောင်ရေး အများနှင့်သက်ဆိုင် သောကုမ္ပဏီ (YUPT ယာဉ်လိုင်း) တွင် ပါဝင်ထားသည့် ရှယ်ယာ ရှင်အားလုံး၏ သဘောထားကို ယခုလအတွင်း အပြီးသတ်ကောက် ခံပြီး YRTA ထံ တင်ပြမည် ဖြစ် ကြောင်း သိရသည်။
ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here