YUPT ကုမ္ပဏီယာဉ်လိုင်း ၁၅ ခုမှ ယာဉ်အစီး ခုနစ်ရာတွင် YPS Card အသုံးပြုခွင့်ရရှိ

88

 

ရန်ကုန်၊ သြဂုတ် ၅
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်များတွင် ယာဉ်စီးခပေး ချေနိုင်မည့် YPS Card ကို YUPT ကုမ္ပဏီ၏ ယာဉ်လိုင်း ၁၅ လိုင်း တွင် အသုံးပြုခွင့်ရရှိပြီဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၂၁ ရက်တွင် စတင်ခဲ့ သည့် ယာဉ်စီးခပေးချေနိုင်မည့် YPS ကတ်များကို ကနဦးယာဉ် လိုင်း ၁၂ လိုင်းမှ ယာဉ်အစီးငါးရာ ကျော်တွင် အသုံးပြုခွင့်ရထားပြီး ယခုထပ်မံ၍ YUPT ကုမ္ပဏီ၏ ယာဉ်လိုင်း ၁၅ လိုင်းတွင် အသုံးပြု ခွင့်ရရှိခြင်းဖြစ်ကြောင်း သိရသည်။

“အသုံးပြုခွင့် မကျသေးတဲ့အတွက် YPS အမှတ်တံဆိပ် အနီလေးပြထားတယ်၊ ဒါပေမဲ့ စက်တွေတော့ သြဂုတ် ၁ ရက်ကတည်း ကဖွင့်ထားတယ်၊ စီးမယ်ဆို စီးလို့ရပါတယ်၊ ဘာပြသနာမှတော့ မရှိဘူး၊ တချို့ခရီးသည်တွေကလည်း စက်ဖွင့်ထားတော့ စီးကြတာတွေရှိ တယ်၊ YRTA ကတော့ ခွင့်ပြုချက် မရသေးပါဘူး၊ ဒီလ ဒုတိယပတ်လောက်ဆိုရင် တရားဝင်ခွင့်ပြုချက်ရမယ် ထင်ပါတယ်၊ အဲဒါဆိုရင် ကတ်အသုံးပြုလို့ရတဲ့ ကားတွေမှာ YPS အမှတ်တံဆိပ် အစိမ်းရောင်အပြားလေးနဲ့ သင်္ကေတပြထားမှာ ပါ”ဟု Asia Starmar Transpirt Intelligent ကုမ္ပဏီမှ CMO ဒေါ်ရီရီခင်က ပြောသည်။

YPS Payment Card ကို YBPC ကုမ္ပဏီမှ ယာဉ်လိုင်းနံ ပါတ် ၄၃ ၊ ၆၂၊ ၇၂၊ ၈၇၊ ၈၈၊ ၈၉၊ ၉၆၊ ၉၆ နှင့် ဗန္ဓုလသယ်ယူပို့ ဆောင်ရေးကုမ္ပဏီမှ ယာဉ်လိုင်းနံပါတ် ၁၂၊ ၁၄၊ ၂၅၊ ၃ဝ၊ ၃၈ တွင် အသုံးပြုခွင့်ရထားပြီး ယခု ထပ်မံ၍ YUPT ကုမ္ပဏီက ယာဉ်လိုင်းနံပါတ် ၂၊ ၃၊ ၄၊ ၇၊ ၈၊ ၁ဝ၊ ၁၁၊ ၂၄၊ ၂၈၊ ၂၉၊ ၃၆၊ ၄ဝ၊ ၅၈၊ ၅၉၊ ၆၅ တွင် အသုံးပြုခွင့်ရရှိမည် ဖြစ်ကြောင်း သိရသည်။
ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here