YUPT ကုမ္ပဏီမှ အစုရှယ်ယာရှင်များ ရသင့်သည့် အမြတ်ငွေနှင့် ပတ်သက်ပြီး အငြင်းပွားမှုပြသနာကို YRTA မှ ညှိနှိုင်းဖြေရှင်းပေးမည်

135

ရန်ကုန်၊ နိုဝင်ဘာ ၆
YUPT ကုမ္ပဏီမှ အစုရှယ်ယာရှင်များ ရသင့်သည့် အမြတ်ငွေနှင့် ပတ်သက်ပြီး အငြင်းပွားမှုပြသနာကို YRTA မှ ညှိနှိုင်းဖြေရှင်းပေး မည်ဖြစ်ကြောင်း သိရသည်။

YUPT ကုမ္ပဏီ နှစ်ပတ် လည်အစည်းအဝေးတွင် ဖြစ်ပွားခဲ့ သော အစုရှယ်ယာရှင်များ ရသင့် သည့်အမြတ်ငွေ အငြင်းပွားမှု ပြ သနာကို YRTA မှ ညှိနှိုင်း ဖြေ ရှင်းပေးမည်ဖြစ်သည်။

ရန်ကုန်မြို့ပြ သယ်ယူပို့ ဆောင်ရေး အများနှင့်သက်ဆိုင် သောကုမ္ပဏီ (YUPT ယာဉ်လိုင်း) တွင် အစုရှယ်ယာ ပါဝင်ထားသည့် ရှယ်ယာရှင်များသည် ကုမ္ပဏီ စတင်တည်ထောင်ချိန်မှစ၍ သုံး နှစ်အတွင်း သတ်မှတ်ထားသည့် အမြတ်ငွေ မရရှိသည့်အတွက် ကုမ္ပဏီ တာဝန်ရှိသူများနှင့် အ ငြင်းပွားမှု ဖြစ်ပွားခဲ့သည်။ ထိုသို့ အငြင်းပွားမှု ဖြစ်ပေါ်ခဲ့သောကြောင့် YRTA မှ အစုရှယ်ယာရှင်များ၏ သဘောထား တောင်းခံပြီး ဖြေ ရှင်းပေးမည် ဖြစ်ကြောင်း သိရသည်။

“ကုမ္ပဏီစဖွဲ့တုန်းက တစ် နှစ်နေရင် အကျိုးအမြတ် ရမယ်လို့ ပြောခဲ့ပေမဲ့ သုံးနှစ် ကြာတဲ့အထိ အမြတ်မရဘူးလို့ ရှယ်ယာရှင်တွေ ကပြောပါတယ်၊ အများပိုင် ကုမ္ပဏီ တစ်ခုမှာ အသင်းအဖွဲ့ စည်းမျဉ်း ဆိုတာရှိတယ်၊ လုပ်ငန်းတစ်ခုမှာ ရရှိတဲ့အမြတ်ငွေကို ဘယ်လို ပြန် လည်အသုံးချမယ်၊ ရရှိတ့ဲ အမြတ်ကို ဘယ်ကာလရောက်မှ ခွဲဝေ ပေးမယ်ဆိုတာကို အစကတည်းက ရှင်းရှင်းလင်းလင်း ပြောရမှာ ဖြစ် ပါတယ်၊ အဲဒီလိုမဟုတ်ဘဲ ရှယ်ယာရှင်တွေ နှစ်သက်အောင် ပြောထားပြီးမှ မရှင်းပေးနိုင်တဲ့အတွက် ရှယ်ယာရှင်တွေ ပြောတာ မမှားပါဘူး၊ အစုရှယ်ယာရှင်တွေ အားလုံးရဲ့ သဘောထားအမှန်ကို တောင်းခံထားပါတယ်၊ ရှယ်ယာရှင်တွေရဲ့ သဘောထားအပေါ်မူတည် ပြီး ပြေလည်မှုရအောင် အမြန်ဆုံး ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည် သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ တွဲဖက် အတွင်းရေးမှူး ဦးလှအောင် က ပြောသည်။

ကုမ္ပဏီ စတင်တည်ထောင် စဉ်က မတည် တည်ထောင်သူအ ဖြစ် ပါဝင်သူများအနေဖြင့် အစု ရှယ်ယာတစ်စုလျှင် ကျပ်တစ်သိန်း နှုန်းဖြင့် ရင်းနှီးမြှုပ်နှံငွေ ၅ ဒသမ ၆,၃၄၄ ဘီလျံရှိပြီး ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ကျပ် ၃၅ ဘီလျံ ထည့်ဝင်ထားသဖြင့် ကုမ္ပဏီ ၏ စုစုပေါင်း ရင်းနှီးမြှုပ်နှံငွေမှာ ကျပ် ၄ဝ ဒသမ ၆,၃၄၄ ဘီလျံ ဖြစ် ကြောင်း သိရသည်။

YUPT ကုမ္ပဏီ မတည် တည်ထောင်သူအဖြစ် ပါဝင်သူ အစုရှယ်ယာရှင် ဦးထွန်းဦးက”မိသားစုအားလုံးပေါင်းပြီး အစုရှယ် ယာ သိန်း ကိုးရာ ထည့်ဝင်ထား ပါတယ်၊ အခုအချိန်အထိ အမြတ် ငွေ တစ်ပြားမှ မရသေးဘူး၊ ရှုံး တယ် မြတ်တယ်ဆိုတာလည်း ရှင်း ပြတာမရှိဘူး၊ YRTA က ဖြေရှင်း ပေးမယ်ဆိုတော့ အစိုးရအနေနဲ့ ရှယ်ယာရှင်တွေဆီက အစုရှယ်ယာ တွေကို ပြန်ဝယ်ပေးဖို့ တောင်းဆို မှာ ဖြစ်ပါတယ်”ဟု ဆိုခဲ့သည်။

ရန်ကုန်မြို့ပြ သယ်ယူပို့ ဆောင်ရေး အများနှင့်သက်ဆိုင် သောကုမ္ပဏီ (YUPT ယာဉ်လိုင်း) သည် ယာဉ်အစီး ၉၄ဝ ဖြင့် ရန်ကုန် မြို့တွင်း ပြေးဆွဲလျက်ရှိကြောင်း သိရသည်။
ြကည်ြပာ

LEAVE A REPLY

Please enter your comment!
Please enter your name here