YRTA သို့ နေ့စဉ်ပေးသွင်းရသည့် YBS စီမံခန့်ခွဲမှု ရန်ပုံငွေ တစ်လထပ်တိုးရပ်ဆိုင်းပေးမည်

216

 

ရန်ကုန်၊ ဇွန် ၁

YBS ယာဉ်များ အရူံးနှင့် ရင်ဆိုင်နေရသည့်အတွက် YRTA သို့ နေ့စဉ်ပေးသွင်းရသည့် စီမံခန့်ခွဲမှုရန်ပုံငွေကို တစ်လထပ်တိုးရပ်ဆိုင်းပေးမည် ဖြစ်ကြောင်း သိရသည်။

ဧပြီလမှစတင်ကာ ခရီးသည် ထက်ဝက်ကျော် ကျဆင်းသွားသောကြောင့် YBS ယာဉ်များ အိပ်စိုက်ပြေးဆွဲရသည့် အနေအထားအထိ ရှိနေပြီး လက်ရှိဖြစ်ပေါ်နေသည့် အခက်အခဲများကို ကူညီသည့်အနေဖြင့် YRTA ကို စီမံခန့်ခွဲမှုစရိတ်အဖြစ် YBS ယာဉ်တစ်စီးလျှင် တစ်နေ့ ကျပ် ​လေး​ထောင်ကျပ်နှုန်း နေ့စဉ်ပေးသွင်းရခြင်းကို ဇွန်လ တစ်လထပ်တိုး၍ ရပ်ဆိုင်းပေးမည်ဖြစ်ကြောင်း သိရသည်။

” ဒီကာလမှာ YBS ယာဉ်လိုင်းတွေ အရှုံးနဲ့ရင်ဆိုင်နေကြရတယ်၊ အဲဒါကိုတစ်ဖက်တစ်လမ်းက ကူညီတဲ့အနေနဲ့ YRTA ကိုပေးသွင်းရတဲ့ စီမံခန့်ခွဲမှုစရိတ်ကို ရပ်ဆိုင်းပေးတာ ဒီဇွန်လနဲ့ဆို နှစ်လကျော်ပါပြီ၊ ယာဉ်စီးခဝင်ငွေတွေ အရမ်းကျဆင်းသွားတယ်ဆိုပေမဲ့ ဒီလုပ်ငန်းတွေက ရပ်နားလို့လည်း မရဘူး၊ ရေရှည်တောင့်ခံနိုင်ဖို့အတွက် အားလုံးညီညီညွတ်ညွတ်နဲ့ ဆွေးနွေးညှိနိူင်း လုပ်ဖို့လိုတယ် ” ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

ယခင်က ရန်ကုန်အတွင်း နေ့စဉ်ခရီးသွားဦးရေ ၁ ဒသမ ၉ သန်းမှ ၂ ဒသမ ၅ သန်းအထိရှိခဲ့ရာ Covid-19 ကူးစက်ရောဂါကြောင့် ခရီးသွားဦးရေ သိသိသာသာကျဆင်းလာခဲ့ပြီး လက်ရှိတွင် နေ့စဉ်ခရီးသွားဦးရေ ငါးသိန်းကျော်သာ စီးနင်းမှုရှိသည်။ Covid-19 ဗိုင်းရပ်ပိုး ကူးစပ်ခံလူနာကို မတ် ၂၃ ရက်က မြန်မာနိုင်ငံတွင် စတင်တွေ့ရှိခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ Covid-19 ကူးစက်ခံထားရသူ ၂၂၈ ဦးရှိနေကာ သေဆုံးသူ ​ခြောက်ဦးရှိသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here