YRTA မှ သင်တန်းပေးထားသည့် ယာဉ်မောင်းများကို ယာဉ်လိုင်းများအတွင်း မောင်းနှင်နိုင်ရန် စီစဉ်ပေးမည်

712

YRTA  မှသင်တန်းပေးထားသည့် ယာဉ်မောင်းငါးရာကျော်ကို ယာဉ်လိုင်းများအတွင်း မောင်းနှင်နိုင်ရန်အတွက် စီစဉ်ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

 

ရန်ကုန်မြို့အတွင်း ယာဉ်လိုင်းများတွင် မောင်းနှင်နိုင်ရန်အတွက် YRTA မှဦးစီး၍ YBS အထူးယာဉ်မောင်း သင်တန်းကျောင်း ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ယခုနှစ် မကုန်မီ သင်တန်းတက်ရောက်အောင်မြင်ခဲ့သည့် ယာဉ်မောင်းများမှာ ယာဉ်လိုင်းများအတွင်း ဝင်ရောက်မောင်းနှင် နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

”အစိုးရဦးစီးပြီး ယာဉ်မောင်းအသစ်တွေ မွေးထုတ်ပေးတာ အယောက်ငါးရာဝန်းကျင် ရှိနေပါပြီ၊ သင်တန်းတက်ရောက်အောင် မြင်ခဲ့တဲ့ ယာဉ်မောင်းတွေအနေနဲ့ ဒီနှစ်မကုန်ခင်မှာ ယာဉ်လိုင်းတွေမှာ ဝင်ရောက်မောင်းနှင်နိုင်အောင် စီစဉ်ပေးမှာဖြစ်ပါတယ်”ဟု ‘ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲ မှုအာဏာပိုင်အဖွဲ့’ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။

 

YBS အထူးယာဉ်မောင်းသင်တန်းကျောင်းတွင် တက်ရောက်အောင်မြင်ထားသည့် ယာဉ်မောင်းများသည် YUPT ကုမ္ပဏီနှင့် ့ဏြဃ  ကုမ္ပဏီတို့တွင် မောင်းနှင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။ YBS  အထူးယာဉ်မောင်း သင်တန်းကျောင်းကို ဇူလိုင် ၁၇ ရက်က သင်တန်းအပတ်စဉ်(၁) အဖြစ် စတင်ဖွင့်လှစ်သင်ကြားခဲ့ရာ လက်ရှိ အချိန်တွင် သင်တန်းအပတ်စဉ်(၅) အထိ ပြီးစီးခဲ့ပြီး သင်တန်းသား ဦးရေငါးရာဝန်းကျင် သင်တန်းပို့ချခဲ့ကြောင်း သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here