YRTA နှင့် ပို့ဆောင်ရေးအဖွဲ့သားများ ပူးပေါင်း၍ မဟာသကြင်္န်ရေကစားမ@ပ် ဆောက်လုပ်မည်

805

ရန်ကုန်၊ ဧပြီ

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့နှင့် ပို့ဆောင်ရေးအဖွဲ့ သားများ ပူးပေါင်း၍ မဟာသကြင်္န် အထူးရေကစားမ@ပ်ကြီးတစ်ခု ဆောက်လုပ်ကာ ဖျော်ဖြေရေးအစီအစဉ်များ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

မဟာသကြင်္န်ရေကစားမ@ပ် ကို YRTA မှ ဦးစီး၍ YBS ယာဉ်လိုင်းကုမ္ပဏီများ အပါအဝင် Water Bus ၊ အိုးဝေ တက္ကစီဝန်ဆောင်မှု ကုမ္ပဏီ၊ Uber တက္ကစီဝန်ဆောင်မှု ကုမ္ပဏီတို့ ပူးပေါင်းပြီး YRTA ရုံးချုပ်ရှေ့တွင် ဆောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။

”ပို့ဆောင်ရေး အဖွဲ့သားတွေ ပူးပေါင်းပြီး သကြင်္န်ရေကစားမ@ပ် တစ်ခု ဆောက်လုပ်ဖို့ စီစဉ်နေပါ တယ်၊ ယဉ်ကျေးမှုတက္ကသိုလ်က ဖျော်ဖြေရေးအဖွဲ့၊ နိုင်ငံကျော်အဆိုတော်တွေ၊ တီးဝိုင်းတွေနဲ့ သံချပ်ပြိုင်ပွဲတွေ ထည့်သွင်းဖို့ စီစဉ်ထားပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်သကြင်္န်တွင် စီးပွားဖြစ် ရေကစားမ@ပ်များ ဆောက်လုပ်ခွင့်ကို ၂ဝဝ၆ ခုနှစ်တွင် စတင်တားမြစ်ခဲ့သော်လည်း ယခုနှစ်၌ အကန့်အသတ်ဖြင့် ပြန်လည်ခွင့်ပြုခဲ့ရာ ပုဂ္ဂလိက ရေကစားမ@ပ် ၃၄ ခု၊ ဌာနဆိုင်ရာ ရေကစားမ@ပ် ၃၂ ခုနှင့် လမ်းလျှောက်သကြင်္န်  မ@ပ် နေရာသုံးခု ဆောက်လုပ်ခွင့် ပြုထားပြီး ဖြစ်ကြောင်းလည်း သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here