YRTA မှ တာဝန်ယူပြေးဆွဲနေသည့် School Bus များတွင် ကျောင်းသား ၁၆ ဦးသာ တင်ဆောင်မည်ဖြစ်သော်လည်း မူလယာဉ်စီးခအတိုင်းသာ ကောက်ခံမည်

330

 

ရန်ကုန်၊ ဇွန် ၂၃
YRTA မှ တာဝန်ယူပြေးဆွဲနေသည့် School Bus များတွင် ကျောင်း သား ၁၆ ဦးသာ တင်ဆောင်ပြေး ဆွဲမည်ဖြစ်သော်လည်း မူလယာဉ် စီးခအတိုင်းသာ ကောက်ခံမည် ကြောင်း သိရသည်။

ဇူလိုင်လတွင် စတင်ဖွင့်လှစ် မည့် ကျောင်းဖွင့်ရာသီမှစပြီး ကျောင်းကားများတွင် Social Distancing နှင့်အညီ ကျောင်းသား များ တင်ဆောင်ရမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန် ထားသည်။ ယင်းထုတ်ပြန်ချက်နှင့် အညီ YRTA မှ တာဝန်ယူပြေးဆွဲ နေသည့် School Bus များတွင် ကျောင်းသား ၁၆ ဦးသာ တင် ဆောင်မည်ဖြစ်ပြီး မူလယာဉ်စီးခအတိုင်းသာ ကောက်ခံမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

“ဒီကျောင်းဖွင့် ရာသီမှာ YRTA က တာဝန်ယူ ပြေးဆွဲတဲ့ School Bus တစ်စီးကို ကျောင်းသား ၁၆ ယောက်ပဲတင်မယ်၊ အရင် ကျောင်းကားခအတိုင်းပဲ ယူမယ်၊ ရံှုးရင်လည်း အရှုံးခံ ပြေးဆွဲပေးမယ်”ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။

တိုင်းဒေသကြီးအစိုးရမှ ကို ရီးယားနိုင်ငံနှင့် အစိုးရချင်း ချိတ် ဆက်ကာ School Bus အစီး နှစ်ရာကို ဝယ်ယူထားခြင်းဖြစ်သည်။ ထိုအစီးနှစ်ရာမှ အစီးခြောက်ဆယ် ကျော်ကို ပညာရေးတက္ကသိုလ်လေ့ ကျင့်ရေးအထက်တန်းကျောင်း ကမာရွတ်နှင့် ပညာရေးတက္ကသိုလ် လေ့ကျင်းရေး သင်တန်းကျောင်း ရန်ကင်းတို့တွင် ပြေးဆွဲပေးနေပြီး မြို့နယ်နှင့် ခရီးအကွာအဝေးကို လိုက်ကာ ယာဉ်စီးခ ကျပ်သုံးသောင်း ခွဲမှ ရှစ်သောင်းအထိရှိကြောင်း သိ ရသည်။ ကျန်ရှိသည့် အခြေခံပညာ ကျောင်းများတွင် ပြေးဆွဲနေသည့် ကျောင်းကားများသည်လည်း သက် ဆိုင်ရာ အခြေခံပညာဦးစီးဌာနများ ၏ စည်းကမ်းချက်အတိုင်း ပြေးဆွဲ ရမည်ဖြစ်သည်။
ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here