YPS စက်တစ်ထောင်ကျော် ထပ်မံတပ်ဆင်မည်ဖြစ်ပြီး အများပြည်သူ အသုံးပြုနိုင်ရန် စီစဉ်နေ

152

ရန်ကုန်၊ ဇန်နဝါရီ ၁၅
ယာဉ်စီးခပေးချေနိုင်သည့် Yangon Payment Service (YPS) စက်ကို ယာဉ်အစီး တစ်ထောင်ကျော်တွင် ထပ်မံတပ်ဆင်မည်ဖြစ်ပြီး ပြည်သူများ အသုံးပြုနိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ ဆောင်ရေး ကြီးကြပ်ကွပ်ကဲမူ အာဏာပိုင်အဖွဲ့မှ သိရသည်။

YPS စက် ၁,၅ဝဝ တပ်ဆင်ပြီး ဖြစ်ရာ ထပ်မံ၍ ၁,ဝ၃၉ ခု တပ် ဆင်မည်ဖြစ်သည်။ မကြာမီကာလ အတွင်း ပြည်သူများအသုံးပြုနိုင်ရန်အတွက် စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။

‘‘ပထမစက် ၁,၅ဝဝ က အ စိုးရဝယ်ယူထားတဲ့ကားနဲ့ ကုမ္ပဏီ ပိုင်ကားတွေမှာ တပ်ဆင်ခဲ့တာပါ၊ ထပ်တပ်မယ့် စက်တွေကိုတော့ Foton နဲ့ Scania ကားတွေမှာ တပ်ဖို့ စီစဉ်နေပါတယ်၊ အဲ့ဒီ အတွက် YPS ကုမ္ပဏီနဲ့ ယာဉ် လိုင်း တာဝန်ရှိသူတွေ စာချုပ်ချုပ်ပြီးပါပြီ၊ ပြည်သူတွေ အသုံးပြုနိုင်ဖို့လည်း ဆောင်ရွက်နေပါ တယ်၊ မကြာမီ အသုံးပြုခွင့်ရတော့ မှာပါ’’ဟု YRTA တွဲဖက်အတွင်း ရေးမးြ ဦးလှအောင်က ပြောသည်။

Payment စက်များတပ်ဆင် ရန်နှင့် ပြည်သူများ အသုံးပြုနိုင်ရန်အတွက် ကတ်ပြုလုပ်ခွင့် ရရှိထားသည့် Asia Starmar Transport Intelligent ကုမ္ပဏီနှင့် သက်ဆိုင်ရာ ယာဉ်လိုင်းတာဝန် ရှိသူများ စာချုပ်ချုပ်ဆိုထားပြီး ဖြစ်ပြီး ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS အစီး ၄,၄ဝဝ ကျော်မှ လက်ရှိတွင် ၂,၅၃၉ စီး ၌ တပ်ဆင်နေပြီဖြစ်ကြောင်း သိရ သည်။
ကြည်ြပာ

LEAVE A REPLY

Please enter your comment!
Please enter your name here