YPS ကတ်များကို ယနေ့မှစ၍ ၁၄ ရက်အတွင်း ဝယ်ယူပါက တစ်ကတ်ဝယ် တစ်ကတ်လက်ဆောင်ရရှိမည်

98

 

ရန်ကုန်၊ နိုဝင်ဘာ ၉

YBS ယာဉ်စီးခပေးချေနိုင်သည့် YPS ကတ်များကို နိုဝင်ဘာ ၉ ရက်(ယနေ့)မှ ၂၂ ရက်အထိ ၁၄ ရက်ကာလအတွင်း ဝယ်ယူပါက နောက်ထပ်တစ်ကတ် လက်ဆောင်ရရှိမည့် Special Promotion အစီအစဉ်ဖြင့် ရောင်းချမည် ဖြစ်ကြောင်း Asia Starmar Transport Intelligent ကုမ္ပဏီမှ သိရသည်။

Covid-19 ဂယက်ကြောင့် YPS ကတ်အရောင်းစင်တာများ ပိတ်ထားရာမှ ပြန်လည်ဖွင့်လှစ်ရောင်းချခြင်း အထိမ်းအမှတ်အနေဖြင့် ယနေ့မှ စပြီး ၁၄ ရက်အတွင်း ဝယ်ယူပါက YPS တစ်ကတ်ဝယ်လျှင် တစ်ကတ်လက်ဆောင်ရရှိမည်ဖြစ်ပြီး ယင်း Promotion အစီအစဉ်ကို YPS အရောင်းစင်တာ ခုနစ်ခု၌ ရရှိမည်ဖြစ်ကြောင်းသိရသည်။

“ရောဂါကြောင့်ပိတ်ထားပြီး အခု ပြန်ဖွင့်တဲ့အထိမ်းအမှတ်အနေနဲ့ရော၊ အရင် Promotion တွေမှာလည်း ဒီ YPS ကတ်အရောင်းဆိုင်တွေ မပါသေးတာကြောင့်ရော အခုလို Special Promotion လုပ်ပေးတာပါ၊ YPS ကတ်အရောင်းဆိုင် ခုနစ်ဆိုင်မှာ ရမှာပါ၊ g&g ဆိုင်တွေမှာတော့ Promotion မရှိပါဘူး၊ ပုံမှန်အတိုင်းပဲ ရောင်းချပေးပါမယ်၊ ကျန်တဲ့ဆိုင်တွေ ပြန်လည်ဖွင့်လှစ်မှာရယ်နဲ့ YBS ကားတွေမှာ ထပ်တိုး အသုံးပြုနိုင်ဖို့ကို ရောဂါအခြေအနေနဲ့ YBS စီးခရီးသည်အပေါ်မူတည်ပြီး လုပ်ဆောင်မှာပါ “ဟု Asia Starmar Transport Intelligent ကုမ္ပဏီမှ COO ဒေါ်ရီရီခင်ကပြောသည်။

YPS ကတ် တစ်ကတ်ဝယ် တစ်ကတ်လက်ဆောင်အစီအစဉ်ကို မြို့‌တော်ခန်းမဘေးရှိ YPS ကတ်အရောင်းစင်တာ၊ မဟာဗန္ဓုလပန်းခြံ အနီးရှိ YPS အရောင်းစင်တာ၊ မြန်မာပလာဇာအနီးရှိ YPS အရောင်းစင်တာ၊ ယုဇနပလာဇာအနီးရှိ YPS အရောင်းစင်တာ၊ အင်းစိန်လမ်းမပေါ် လှည်းတန်းဘတ်စ်ကားမှတ်တိုင်အနီးရှိ YPS အရောင်းစင်တာ၊ YUPT ရုံးချုပ်ရှေ့ရှိ YPS အရောင်းစင်တာနှင့် ဗန္ဓုလ ပါရမီကားဝင်းအတွင်းရှိ YPS အရောင်းစင်တာတို့တွင် ရရှိမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်အထိ YBS ယာဉ်လိုင်း ၂၇ လိုင်းရှိ ယာဉ်အစီး ၁,၂၀၀ ကျော်တွင် YPS ကတ်များ အသုံးပြုခွင့်ရရှိထားပြီးဖြစ်သည်။

ကြည်ပြာ

Photo-YPS FB

LEAVE A REPLY

Please enter your comment!
Please enter your name here