ရန်ကုန်၊ နိုဝင်ဘာ ၂၆
YPS ကတ်များကို ကားမှတ်တိုင် များတွင်ရောင်းချနိုင်ရန် စီစဉ်ဆောင် ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အများပြည်သူသယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။
YBS ယာဉ်စီးခပေးနိုင်မည့် Payment ကတ်များကို ပြည်သူများ အလွယ်တကူ ဝယ်ယူနိုင်ရန် YBS မှတ်တိုင်များတွင်လည်း ရောင်း ချပေးမည် ဖြစ်သည်။ YBS Payment ကတ်များကို မှတ်တိုင်များ တွင် ဝယ်ယူနိုင်ရန်အတွက် YBS ကုမ္ပဏီများနှင့် ဆွေးနွေးညှိနှိုင်း နေကြောင်း သိရသည်။
“Payment ကတ်တွေကို ရောင်းချမှုနဲ့ အသုံးပြုမှု တစ်ချိန် တည်းဖြစ်ဖို့အတွက် ဒီဇင်ဘာလထဲ မှာ စတင်အကောင်အထည်ဖော်ဖို့ ရှိပါတယ်၊ ဒီစနစ် အစပိုင်းမှာ ကတ်တွေကို Payment Service Centre နဲ့ g&g ဆိုင်တွေမှာ ဝယ် လို့ရမယ်၊ နောက်ပိုင်းမှာ YBS မှတ်တိုင်တွေမှာ ဝယ်လို့ရအောင် စီစဉ်မှာ ဖြစ်ပါတယ်၊ ကတ်စနစ်ကို စိတ်ဝင်စားမှုရှိပြီး လက်တွဲလုပ်နိုင်တဲ့ YBS ကုမ္ပဏီနဲ့ ပူးပေါင်းဆောင် ရွက်ဖို့ ဆွေးနွေးနေပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။
Payment ကတ်စနစ် စတင် အသုံးပြုမည့်အချိန်တွင် ကတ်သုံးသောင်းခွဲကို စီးနင်းသူ များအား အခမဲ့ ပေးဝေသွားမည် ဖြစ်သည်။ နောက်ပိုင်းတွင် ကတ် တစ်ကတ်လျှင် ကျပ်နှစ်ထောင်နှုန်း ဖြင့် ရောင်းချမည်ဖြစ်ပြီး ကတ် ထဲတွင် အနည်းဆုံး ငွေကျပ် တစ် ထောင်မှ ငါးသောင်းအထိ ဖြည့် သွင်း အသုံးပြုနိုင်မည် ဖြစ်သည်။
Payment ကတ် အရောင်း ဆိုင်များကို လူစည်ကားသည့် မှတ်တိုင်များတွင် အဓိကထား ဖွင့် လှစ်မည်ဖြစ်ပြီး ကတ်ရောင်းချခြင်း ၊ ငွေဖြည့်ပေးခြင်းတို့ကို အလွယ် တကူ ဝယ်ယူလုပ်ဆောင််နိုင်ရန်အ တွက် ဝန်ဆောင်မှု ပေးနိုင်သည့် ဝန်ထမ်းများ ထားရှိမည်ဖြစ်ကြောင်း သိရသည်။
ြကည်ြပာ