YPS ကတ်နဲ့ ဘတ်စ်ကားစီးတာအပြင် တခြား Transportation နေရာတွေမှာ အသုံးပြုခွင့်ရဖို့ ချိတ်ဆက်လုပ်ဆောင်ဖို့ရှိပါတယ်

231

 

ASTI ကုမ္ပဏီမှ Chief Marketing Officer ဒေါ်ရီရီခင်နှင့် တွေ့ဆုံခြင်း

Automobile: YPS ကတ် လက်ရှိအသုံးပြုလို့ရတဲ့ ဘတ်စ်ကားအရေ အတွက်နဲ့ YBS ကားတွေအကုန်လုံး ကတ်စနစ်ဖြစ်ဖို့ အတွက် သတ်မှတ်ထားတဲ့အချိန်ကာလကို သိချင်ပါတယ် . . .
DawYiYiKhin: လက်ရှိအချိန်မှာ့ဏှ ကတ်နဲ့စီးလို့ရတဲ့ YBS ကား အစီးရေ ၁,၆၀ဝ ရှိတယ်။ နောက်ထပ်အသုံးပြုနိုင်ဖို့လည်း လုပ်ဆောင်နေပါတယ်။ အရင်ကတော့ ဒီနှစ်ကုန်ပိုင်းမှာ ကားအားလုံးနီးပါး သုံးနိုင်ဖို့ စီစဉ်ထားပေမဲ့ ကိုဗစ်ခံသွားတဲ့အတွက် ကြန့်ကြာတာတွေ ဖြစ်သွားတယ်။ ကုမ္ပဏီတစ်ခုချင်းစီရော တစ်ဦးပိုင်တွေရော အကုန်လုံး ညှိပြီး လုပ်ရတာတွေရှိတယ်။ ကားတွေအကုန်လုံးမှာ သုံးလို့ရအောင် စီစဉ်နေပါတယ်။ ၂၀၂၁ ခုနှစ် နှစ်ကုန် ဝန်းကျင်လောက်မှာ အနည်းဆုံး YBS အစီး လေးထောင် မှာ အသုံးပြုလို့ရအောင် လုပ်ဆောင်ဖို့ လျာထားပါတယ်။

Automobile: YPS ကတ်နဲ့စီးတဲ့အခါ တစ်ခါပဲဖြတ်ရတဲ့စနစ် ကျင့်သုံးနေပြီဆိုတော့ ယာဉ်စီးခနှစ်ဖြတ်သတ်မှတ်ကောက်ခံနေတဲ့ ယာဉ်လိုင်းတွေမှာရော ဘယ်လိုအပြောင်းအလဲမျိုးရှိနိုင်မလဲ ရှင်းပြပေးပါဦး . . .
DawYiYiKhin: ယာဉ်စီးခ ပုံသေသတ်မှတ်ထားတဲ့လိုင်းတွေကို အရင်ဆုံး ကတ်တစ်ကြိမ်ပဲဖတ်ရမယ့်စနစ်နဲ့ ပြောင်းလဲကျင့် သုံးနေပါတယ်။ YPS ကတ် လက်ရှိအသုံးပြုလို့ရတဲ့ ယာဉ်လိုင်းကုမ္ပဏီငါးခုက လေးခုမှာ ကတ်တစ်ခါဖြတ် တဲ့စနစ်နဲ့စီးလို့ရနေပါပြီ။ ကျန်တဲ့ကုမ္ပဏီတစ်ခုမှာလည်း ဒီဇင်ဘာ ၂၉ ရက် နောက်ဆုံးထားပြီး တစ်ကြိမ်ဖြတ် စနစ်နဲ့စီးလို့ရအောင်လုပ်နေပါတယ်။ Distance Pay နဲ့ သတ်မှတ်ထားတဲ့ ယာဉ်လိုင်းတွေကလွဲလို့ YPS ကတ်နဲ့နောက်တိုးစီးလို့ရမယ့် ကားတွေအကုန်လုံးမှာ ကတ်တစ်ကြိမ်ပဲ ဖြတ်ရတဲ့စနစ်နဲ့ စီးလို့ရပါမယ်။ ပိုင်း ဖြတ်ကောက်ခံတဲ့ကားတွေကတော့ ခရီးစဉ်ဝေးတဲ့အတွက် Distance Pay စနစ်နဲ့ သတ်မှတ်ထားတဲ့ ယာဉ်စီးခအတိုင်း အတက်တစ်ကြိမ်၊အဆင်းတစ်ကြိမ် ဖြတ်တဲ့စနစ်နဲ့စီးရမှာပါ။ ယာဉ်စီးခပုံသေ သတ်မှတ်တဲ့ ယာဉ်လိုင်းတွေအားလုံးနီးပါး YPS ကတ် အသုံးပြုလို့ ရသွားပြီဆိုရင် Distance Pay ကို တစ်လိုင်းချင်းစီ တိုးသွားပါမယ်။ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ YBS ကားအားလုံး YPS ကတ်နဲ့ စီးလို့ရအောင် စီစဉ် နေပါတယ်။

Automobile: ကတ်အသုံးပြုတဲ့ခရီးသည် နည်းနေသေးတယ်ဆိုတော့ YPS ကတ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ဖို့ ဘာတွေထပ်တိုးလုပ်ဆောင်ဖို့ရှိမလဲ၊ ကတ်စနစ်အောင် မြင်လာဖို့ ဘာတွေလိုအပ်နေသေးလဲဆိုတာ ရှင်းပြပေးပါ . . .
DawYiYiKhin: YPS ကတ်စနစ်မတွင်ကျယ်သေးတာက ကိုဗစ်ကာလ မှာ ငွေအကြွေလည်း မကိုင်ချင်ကြဘူးဆိုတော့ အဲ့ဒီအချိန်မှာပဲ ဒီစနစ်ကို မဖြစ်မနေ စလိုက်ရတယ်။ ကိုဗစ် ပထမလှိုင်းအပြီးလောက် ဇူလိုင် ၂၁ ရက်မှာ ကတ်စနစ်ကို စတယ်။ ဇူလိုင်လနဲ့ သြဂုတ်လမှာ စီးတဲ့ခရီးသည် များတယ်။ စက်တင်ဘာနဲ့ အောက်တိုဘာမှာကျတော့ ဘတ်စ်ကားကုမ္ပဏီတွေလည်း ၂၅ ရာခိုင်နှုန်း လောက်ပဲ လည်ပတ်ကြတယ်။ ခရီးသည်လည်း တော်တော်နည်းသွားတယ်။ ကတ်သုံးတဲ့သူလည်း မရှိသလောက်ဖြစ်သွားတယ်။ နိုဝင်ဘာလမှာလည်း ခရီးသည် နည်းနည်းလေးပိုထွက်လာတာကလွဲလို့ မထူးဘူး။ ဒီဇင်ဘာလမှာတော့ ခရီးသည်လည်း နည်းနည်းပြန်ထွက်လာတယ်။ ကတ်နဲ့စီးတဲ့သူလည်း တိုးလာတဲ့အနေအထား ရှိပါတယ်။ ကိုဗစ်ကာလမှာ အဲဒီလိုတွေ ကြန့်ကြာတဲ့အတွက် အရင်ချထားတဲ့ Plan နဲ့လည်း လွဲကုန်တယ်။ အဲ့ဒီကာလတွေမှာ ကားတွေလည်း မထွက်နိုင်၊ ကုမ္ပဏီတွေလည်း တစ်ခုနဲ့ တစ်ခုတွေ့ဖို အဆင်မပြေနိုင်ဖြစ်ပြီး လုပ်ငန်းတွေရပ်နားတဲ့အထိ ဖြစ်ရတယ်။ ဒီဇင်ဘာလမှာမှ ယာဉ်လိုင်းကုမ္ပဏီ နှစ်ခုရဲ့ ယာဉ်အစီးသုံးရာမှာ ထပ်ပြီးအသုံးပြုနိုင်ဖို့ ပြန်လုပ်ဆောင်ရပါတယ်။ အဲ့လိုတွေကြောင့် ကတ်အသုံးပြုလို့ရမယ့် ကားတွေကလည်း နည်းနေသေးတာရယ်၊ နောက်ပြီး YPS ကတ်နဲ့ ဈေးဝယ်ခွင့်လိုမျိုး တခြားအသုံးပြုလို့ရမယ့် အနေအထားကလည်း မရှိသေးတာရယ်ကြောင့်ဏှ ကတ်ကို တွင်တွင်ကျယ်ကျယ် အသုံးမပြုနိုင်ကြသေးတာလို့ မြင်ပါတယ်။ ကတ်စနစ်ကို တွင်တွင်ကျယ်ကျယ်သုံးလာကြဖို့အတွက် YBS ကားတွေအားလုံးမှာ ကတ်စနစ်အသုံးပြု လို့ရအောင်စက်တွေ အမြန်ဆုံးတပ်ဆင်နိုင်ဖို့နဲ့ တခြား Transportation နေရာတွေမှာပါ အသုံးပြုလို့ရအောင် ချိတ်ဆက်လုပ်ဆောင်ဖို့ ရှိပါတယ်။ ဒါတွေကဖြည်းဖြည်း ချင်းလုပ်ဆောင်ရမှာပါ။ ကတ်နဲ့နေရာများများမှာ အသုံး ပြုခွင့်ရမယ်ဆိုရင် YPS ကတ်ကို အသုံးပြုတဲ့သူများ လာမှာပါ။

Automobile: YPS ကတ်ဈေးနှုန်းကို လက်ရှိဈေးထက်လျှော့ချပြီး ရောင်းချပေးဖို့အစီအစဉ်ရှိပါသလား၊ အခြားဝန်ဆောင်မှုတွေရှိရင်လည်း သိချင်ပါတယ် . . .
DawYiYiKhin: YPS ကတ်က Auto-storage ဘဏ်အဆင့် Security ရှိတယ်။ prepaid storage card ဖြစ်ပြီး ဘဏ်အဆင့်သုံးတဲ့ CPU Card လို ဆောင်ရွက်ပေး ထားတာကြောင့် ကတ်မှာ တန်ဖိုးတစ်ခုရှိတယ်။ အဲဒါ ကြောင့် နှစ်ထောင်နဲ့ရောင်းရတာပါ။ အဲဒီအပေါ် အမြတ် မရှိပါဘူး။ ကတ်ရဲ့တန်ဖိုးအရ ရောင်းရတာပါ။ ဒီကတ်ရဲ့ တန်ဖိုးက များတယ်လို့တော့ မဟုတ်ဘူး။ ခဏ ခဏဝယ်ရမှာမျိုးလည်းမဟုတ်လို့ ကတ်မပျက်စီးသရွေ့ အကြာကြီး အသုံးပြုလို့ရပါတယ်။ ကားတွေ အားလုံးမှာလည်း ကတ်သုံးလို့ရမယ်။ တခြားနေရာတွေမှာပါ အသုံးပြုလို့ရမယ်ဆိုရင် ပိုအဆင်ပြေလာကြမှာပါ။ ကတ် အသုံးပြုတဲ့ သူတွေအတွက်ကိုလည်း Promotion တွေ မကြာခဏလုပ်ပေးနေပါတယ်။ ကျပ်ငွေ ငါးထောင် နဲ့အထက်ဖြည့်ရင် ကတ်အခမဲ့ပေးတာလိုမျိုးတွေ လုပ် ပေးနေတယ်။ New Year မှာလည်း Promotion လုပ်ပေးဖို့ရှိပါတယ်။ ခရီးသည်တွေအဆင် ပြေအောင် ကုမ္ပဏီဘက်က တက်နိုင်တာ၊ လုပ်လို့ရတာ အကုန် လုပ်ပေးထားပါတယ်။ နောက်ပိုင်းကျရင်တော့ ကတ် နဲ့စီးရင် ငွေသားထည့်ပြီးစီးတာထက် ယာဉ်စီးခသက် သာတာမျိုး လုပ်ပေးရင် ပိုအဆင်ပြေနိုင်တယ် ဆိုတာမျိုး အစိုးရဘက်ကို Request လုပ်ထားပါတယ်။ အဲ့ဒီ လို လုပ်ပေးနိုင်တယ်ဆိုရင်တော့ ကတ်နဲ့က ငွေအကြွေလည်း မလိုတဲ့အတွက် ပိုအဆင်ပြေနိင်တယ်။ နိုင်ငံတကာမှာလည်း ဒီလိုမျိုးတွေရှိတယ်ဆိုတော့ အဲ့ဒီ အတွက် တင်ပြထားတာ ရှိတယ်။ ဒါပေမဲ့ ဒီမှာက ယာဉ်စီးခကလည်း တခြားနိုင်ငံတွေထက် နည်းနေ တော့ ဘတ်စ်ကားကုမ္ပဏီတွေဘက်က Discountပေးဖို့ကလည်း ခက်နေတယ်။ အစ်မတို့ဘက်ကပဲ ပုံစံ မတူတဲ့ Promotion တွေ လုပ်ပေးနေပါတယ်။

Automobile: YPS ကတ်ကို ဘယ်နေရာတွေမှာ ဝယ်လို့ရနိုင်မလဲ၊နောက်ထပ်ဘယ်နေရာတွေမှာ ရောင်းပေးဖို့ရှိသေးလဲ၊ Phone Application ကနေတစ်ဆင့် ငွေဖြည့်လို့ရ အောင် လုပ်ဆောင်ပေးဖို့ရှိပါသလား . . .
DawYiYiKhin: YCDC နဲ့ ပူးပေါင်းပြီးလူစည်ကားတဲ့ကားဂိတ်တွေမှာ YPS အရောင်းဆိုင် ရှစ်ဆိုင် ဖွင့်ထားပါတယ်။ ဗန္ဓုလ ကုမ္ပဏီရဲ့ဂိတ်ရင်းမှာ တစ်ဆိုင်၊ YUPT က နေရာ ခြောက်နေရာမှာဖွင့်ဖို့ ပြောထားတာရှိတယ်။ လက်ရှိ မှာတော့ ဂိတ်ရင်းမှာ တစ်ဆိုင်ဖွင့်ထားပါတယ်။ အားလုံးပေါင်း YPS အရောင်းဆိုင် ၁၀ ဆိုင်၊Service Center သုံးခုနဲ့ g&g စတိုးဆိုင် ၉၉ ဆိုင်မှာ ဝယ်လို့ ရပါတယ်။ Service Center မှာက လူသိပ်မလာဘူး။ g&g ဆိုင်တွေကိုလည်း ပြန်သုံးသပ်နေပါတယ်။ တချို့ ဆိုင်တွေက ကားဂိတ်နဲ့ ဝေးလွန်းတော့ မရောင်းရတာ ရှိတယ်။ အဲဒီလိုနေရာမျိုးလေးတွေမှာ YPS ဆိုင်အ သေးလေးတွေ ဖွင့်တာမျိုးတွေ လုပ်ပေးတယ်။ ဒီလိုမျိုး တွေ သုံးသပ်ပြီး ဆိုင်တိုးဖွင့်ပေးတာတွေ လုပ်တယ်။ တချို့နေရာက g&g ဆိုင်တွေမှာ ထပ်တိုးရောင်းချတာ တွေလည်း လုပ်တယ်။ ခရီးသည်တွေ အလွယ်တကူ ဝယ်လို့ရအောင် အဆင်ပြေမယ့်နေရာတွေကို အမြဲ လေ့လာနေပါတယ်။ ဇန်နဝါရီလထဲမှာလည်း YPS ဆိုင်လေးတွေ ထပ်တိုးဖို့ ရှိပါတယ်။ Phone Application နဲ့ပတ်သက်ပြီး YBS Application နဲ့လုပ်ဖို့ စီစဉ်ထားတာလည်း ရှိပါတယ်။ သေချာလုပ်ပြီးလို့ အဆင်ပြေရင် အားလုံးအသိပေးပါ့မယ်။ ခရီးသည်တွေရဲ့ တခြားလိုအပ်လိုအပ်ချက်တွေကိုလည်း စိစစ်ပြီး အမြဲ ပြုပြင်ဆောင်ရွက်ပေးနေပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here