You Tube  ကြယ်ပွင့်တစ်ဦးဖြစ်သူ Jimbo   ၎င်း၏ကားကို  ခိုးယူမောင်းနှင်ရန် ကြိုးစားသည့်   ဉာဏ်ရည်မမီရောဂါရှင်အား ကရုဏာစိတ် ဖြင့်   ကားမောင်းသင်ပေးခဲ့

657

The Gary the Goat စာမျက်နှာ ပိုင်ရှင် You Tube  ဟာသကြယ်ပွင့် ဖြစ်သူ သြစတြေးလျနိုင်ငံသား Jimbo သည် ၎င်း၏ကားကို ခိုးယူ မောင်းနှင်ရန်ကြိုးစားသည့် အမျိုးသားတစ်ဦးမှာ ဉာဏ်ရည် မမီသည့် Down Syndrome  ရောဂါသည်တစ်ဦး ဖြစ်နေသည် ကို တွေ့လိုက်ရသည့်အတွက် ကရုဏာစိတ်ဖြင့် ကားမောင်း သင်ပေးခဲ့ကြောင်း အောက်တို ဘာ ၂၄ ရက်တွင် Daily Mail သတင်းဌာနက ရေးသားဖော်ပြခဲ့ သည်။

”ကျွန်တော် ဆိုင်ထဲ ခဏ ဝင်နေတုန်း လူတစ်ယောက်က ကျွန်တော့်ကားကို ခိုးယူဖို့ကြိုး စားနေတာ တွေ့လိုက်တယ်၊ ကားရှိတဲ့နေရာ ချက်ချင်း ပြေး သွားပြီး ယာဉ်မောင်းခုံမှာထိုင် နေတဲ့သူကို မင်းဘာလုပ်နေ တာလဲလို့ မေးလိုက်တယ်၊ သူ က ကားခိုးမလို့ မဟုတ်ဘဲ ကျွန်တော့်ကားကို မောင်းကြည့် ချင်ရုံသက်သက်ပဲ ဆိုတာ သိ လိုက်တယ်၊ ဒါနဲ့ ကျွန်တော်က သူ့ကို ကားမောင်းသင်ပေးမယ် လို့ ပြောလိုက်တယ်” ဟု Jim က ပြန်ပြောပြသည်။Jim ၏ စကားကိုကြားသည်နှင့်  Ryan  အမည်ရ အဆိုပါအမျိုးသားမှာ ပြုံးရွှင်သွားကာ ခေါင်းညိတ်ပြခဲ့ ပြီး ယခင်က ကားမောင်းခဲ့ဖူး ခြင်း ရှိမရှိ  Jim  က မေးမြန်းခဲ့ ရာတွင် Ryan က တစ်ခါမျှ မ မောင်းခဲ့ဖူးကြောင်း ပြန်ဖြေခဲ့ပြီး နောက် Jim ကRyan ကို သော့ ထည့်ပြီး စက်နှိုးပုံကို သင်ပြခဲ့ သည်။ ကားစက် နိုးသွားသည် နှင့်တစ်ပြိုင်နက် အလွန်အမင်း ပျော်ရွှင်သွားသည့် Ryan ကိုJim  က ချီးမွမ်းစကား ဆိုခဲ့ သည်။ ၎င်းတို့နှစ်ဦး၏ ဖြစ်စဉ် မှတ်တမ်းတင် ဗီဒီယိုဖိုင်ကို  အင်တာနက်စာမျက်နှာပေါ်တွင် တစ်ရက်တည်း အကြိမ်ရေ သုံး သိန်းနီးပါး ဝင်ရောက်ကြည့်ရှုခဲ့ ကြပြီး ကြည့်ရှုသူများက အပြု သဘောဆောင်သည့် မှတ်ချက် ပေါင်းများစွာ ရေးသားခဲ့ကြသည့် အပြင် Jim ကိုလည်း ချီးကျူး ခဲ့ကြသည်။

Jim သည် ၂၀၁၄ ခုနှစ် မှစတင်ကာ  ခုနစ်နှစ်သား အိမ်မွေးဆိတ် Gary နှင့်အတူ ရိုက်ကူးထားသည့်ဗီဒီယိုဖိုင်များကြောင့် နာမည်ကျော်ကြားခဲ့ပြီး ပရိသတ်သဘောကျ နှစ်သက် သည့် ဗီဒီယိုဖိုင်များကို ၎င်း၏ Youtube နှင့် Facebook  စာမျက်နှာတို့တွင် နေ့စဉ်မပြတ် တင်ပေးလေ့ရှိသော You Tube နာမည်ကျော်တစ်ဦးဖြစ်ကြောင်း သိရသည်။

Ref: Daily Mail

LEAVE A REPLY

Please enter your comment!
Please enter your name here