ရန်ကုန်၊ မတ်
YBS ခရီးသည်တင်ယာဉ်လိုင်းများတွင် မောင်းနှင်ရန်အတွက် အထူးယာဉ်မောင်းသင်တန်း ဖွင့်လှစ်သင်ကြားပေးရာ လျှောက်ထားသည့် သင်တန်းသား ၇ဝဝ ကျော် ရှိနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ မှ သိရသည်။
YBS ယာဉ်လိုင်းများအတွင်း ဝင်ရောက်လာမည့် ယာဉ်အသစ်များအတွက် ယာဉ်မောင်းများအလုံ အလောက်ရှိစေရန် (ခ)ယာဉ်မောင်း လိုင်စင် သုံးနှစ်အထက်ရှိသူများ တက်ရောက်နိုင်သည့် အထူးယာဉ်မောင်းသင်တန်း ဖွင့်လှစ်သင်ကြားပေးနေရာ လျှောက်ထားသူ ၇ဝဝ ကျော်ရှိနေပြီး သင်တန်းအောင်မြင် သူများကို (င)ယာဉ်မောင်းလိုင်စင်အနီ ထုတ်ပေးလျှက်ရှိကြောင်း သိရသည်။
”အထူးယာဉ်မောင်း သင်တန်းဆင်းတွေထဲက သင်တန်းအောင်မြင်တဲ့သူတွေကို YBS ယာဉ်လိုင်းထဲမှာ အဆင်ပြေပြေမောင်းနိုင်ဖို့ လိုင်စင်အနီ ထုတ်ပေးပါတယ်၊ ယာဉ်ကြီးမောင်း လိုင်စင် အနီ ထုတ်ပေးနေတာကြောင့် လျှောက်တဲ့ယာဉ်မောင်းတွေ တော်တော်များလာပါတယ်၊ လက်ရှိ အချိန်ထိ ၇ဝဝ ကျော် ရှိနေပါပြီ”ဟု YBS အထူးယာဉ်မောင်းသင် တန်းမှ စီမံရေးရာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယာဉ်မောင်းအထူးသင်တန်းတက်ရောက်ရန် လျှောက်ထားသည့် ယာဉ်မောင်း ၇ဝဝ ကျော် ထဲမှ ၅ဝဝ ကျော်ကို သင်တန်းပို့ချထားပြီးဖြစ်ပြီး (ခ) ယာဉ်မောင်း လိုင်စင်နှင့် (ဃ)ယာဉ်မောင်း လိုင်စင် ကိုင်ဆောင်ထားသည့် ယာဉ်မောင်း ၄ဝဝ ကျော်ကို (င) ယာဉ် မောင်းလိုင်စင်အနီ ထုတ်ပေးပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ အထူးယာဉ်မောင်းသင်တန်းဆင်း ယာဉ်မောင်းများသည် Omni Focus ကုမ္ပဏီ၊ Power Eleven ကုမ္ပဏီ၊ YUPT ကုမ္ပဏီ၊ YBPC ကုမ္ပဏီနှင့် စံဝေလကုမ္ပဏီတို့တွင် ဝင်ရောက်မောင်းနှင်နေပြီ ဖြစ်ကြောင်း သိရသည်။
ကြည်ပြာ