YBS အထူးယာဉ်မောင်းသင်တန်းကျောင်း အမှတ်စဉ်-၈  ဖွင့်ပွဲအခမ်းအနားကို YRTA  ရုံးချုပ်တွင်  ကျင်းပပြုလုပ်

782

ရန်ကုန်၊ မေ

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကုန်းလမ်းပို့ဆောင်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် YBS အထူးယာဉ်မောင်းသင်တန်းကျောင်း အမှတ်စဉ်-၈ ဖွင့်ပွဲအခမ်းအနားကို မေ ၂၂ ရက်က YRTA ရုံးချုပ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

”အခုဖွင့်လှစ်တဲ့ YBS အထူးယာဉ်မောင်းသင်တန်းက အပတ်စဉ်-၈ ရှိပါပြီ၊ ဒီသင်တန်းကို ယာဉ်မောင်း ၁၃ဝ ကျော် တက်ရောက်ပါတယ်၊ YBS အထူးယာဉ်မောင်းသင်တန်းကနေ သင်တန်းသားခုနစ်ရာကျော် သင်တန်းပို့ချခဲ့ပြီး ယာဉ်မောင်းငါးရာကျော်ကို လိုင်စင်အနီ ထုတ်ပေးထားပြီး ဖြစ်ပါတယ်၊ ဒီထဲမှာ YBS ယာဉ်လိုင်းတွေထဲ ဝင်ရောက်မောင်းနှင်နေတဲ့ ယာဉ်မောင်းခြောက်ဆယ် ပါဝင်ပါတယ်”ဟု ‘ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့’ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကုန်းလမ်းပို့ဆောင်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် YBS အထူးယာဉ်မောင်းသင်တန်းကျောင်း အပတ်စဉ်-၁ ကို ၂ဝ၁၇ ခုနှစ်၊ ဇူလိုင် ၁၇ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိတွင် သင်တန်းအပတ်စဉ်-၈ ကို ဖွင့်လှစ်သင်ကြားပေးနေပြီ ဖြစ်သည်။ ယင်းသို့ သင်တန်းတက်ရောက်ခဲ့သည့် ယာဉ်မောင်းခုနစ်ရာကျော် ရှိပြီး သင်တန်းပို့ချအောင်မြင်ခဲ့သည့် သင်တန်းသားငါးရာကျော်ကို ယာဉ်ကြီးမောင်း (င)လိုင်စင်အနီ ထုတ်ပေးထားပြီး ဖြစ်ကြောင်း သိရသည်။ အဆိုပါ သင်တန်းအောင်မြင်ခဲ့သည့် သင်တန်းသားငါးရာကျော်ကို YBS ယာဉ်လိုင်းများတွင် ဝင်ရောက်မောင်းနှင်ခွင့်ပြုထားသလို ယခု ပညာသင်နှစ်မှစတင်မည့် School Bus စနစ်သစ်၌လည်း ဝင်ရောက်မောင်းနှင်ခွင့်ပြုထားကြောင်း သိရသည်။

ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here