YBS သီးသန့်ယာဉ်ရပ်နားကွင်းများကို အခကြေးငွေကောက်ခံပြီး ရပ်နားခွင့်ပြုမည်

573

ရန်ကုန်၊ သြဂုတ် ၅
YBS ယာဉ် ရပ်နားကွင်းများ ဆောက်လုပ်ပြီးစီးပါက တူညီသည့် ခရီးစဉ်လမ်းကြောင်းများကို အခြေ ပြုပြေးဆွဲနေသည့် ယာဉ်များ စု ပေါင်း၍ အခကြေးငွေ ကောက်ခံ ပြီး ရပ်နားခွင့်ပြုမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။
ခရီးသည်တင်ဘတ်စ်များ အ တွက် ယာဉ်ရပ်နားကွင်းများ မရှိ သောကြောင့် YBS သီးသန့်ယာဉ် ရပ်နားကွင်းများကို မြို့နယ်များ အလိုက် ဆောက်လုပ်နေခြင်း ဖြစ်ပြီး ယာဉ်ရပ်နားကွင်းများ ဆောက် လုပ်မှုပြီးစီးပါက အနီးပတ်ဝန်းကျင် တွင် တူညီသည့် ခရီးစဉ်လမ်းကြောင်းများကို အခြေပြုပြေးဆွဲနေ သည့်ယာဉ်များစုပေါင်း၍ ရပ်နား ခွင့်ပြုမည်ဖြစ်ကာ သင့်တင့်သည့် အခကြေးငွေကိုလည်း ကောက်ခံ မည် ဖြစ်ကြောင်း သိရသည်။
‘‘ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ မြို့နယ်တွေမှာ YBS သီးသန့် ယာဉ်ရပ်နားကွင်းတွေ ဆောက်လုပ်ဖို့စီစဉ်နေပါတယ်၊ ပထမအဆင့်အနေနဲ့ နေရာသုံးခုမှာ စတင် ဆောက်လုပ်နေပါပြီ၊ ပြီးသွားရင် သင့်တင့်တဲ့ အခကြေးငွေ ကောက်ခံပြီး ရပ်နားခွင့်ပေးမှာ ဖြစ် ပါတယ်’’ဟု ‘ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့’ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်များ ရပ်နားနိုင်ရန် YRTA မှ ဦးစီး၍ သီးသန့်ယာဉ် ရပ်နားကွင်းများ ဆောက်လုပ်နေ ခြင်းဖြစ်ပြီး အရှေ့ဒဂုံ၊ လှိုင်သာယာနှင့် ယုဇနဥယျာဉ်မြို့တော်တို့ တွင် စတင်ဆောက်လုပ်နေခြင်းဖြစ် သည်။ ထို့ပြင် ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့မှ ဘတ်စ်အစီးငါးရာ ရှယ်ယာ ထည့်ဝင်ထားသည့် YBPC ကုမ္ပဏီပိုင်ယာဉ်များ ရပ်နားနိုင်မည့် ယာဉ်ရပ်နားကွင်း နှစ်ခုကိုလည်း ဖော်ဆောင်ထားပြီး ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း လူဦးရေ ခုနစ်သန်းခွဲရှိသည့်အနက် ဘတ်စ်စီးနင်းသည့် ခရီးသည် ၂ ဒသမ ၈ သန်းဝန်းကျင်ရှိပြီး YBS မြို့တွင်း သယ်ယူပို့ဆောင်ရေးအနေဖြင့် ယာဉ်လိုင်း ၉၉ လိုင်း၊ ယာဉ် အစီးရေ ငါးထောင်ကျော်ဖြင့် ဝန် ဆောင်မှုပေးနေကြောင်း သိရသည်။
ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here