YBS သက်တမ်း ၂ နှစ်မပြည့်မီ ဘတ်စ်သီးသန့် ယာဉ်ရပ်နားကွင်းများ အပြီးသတ် တည်ဆောက်မည်

671

ရန်ကုန်၊ ဇူလိုင် ၃၁
YBS သက်တမ်း ၂ နှစ်မပြည့်မီ ဘတ်စ်သီးသန့် ယာဉ်ရပ်နားကွင်းများ ကို အပြီးသတ် တည်ဆောက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။
ရန်ကုန်မြို့တွင်း မောင်းနှင်နေသည့် YBSယာဉ်များ ရပ်နားရန် အတွက် သီးသန့်ယာဉ်ရပ်နားကွင်းများ ဆောက်လုပ်နေပြီး ယင်းရပ်နား ကွင်းများကို YBS သက်တမ်း ၂ နှစ်မပြည့်မီ အပြီးသတ် တည်ဆောက်မည် ဖြစ်သည်။
‘‘YBS ဘတ်စ်တွေ ရပ်နားဖို့အတွက် YRTA က ဦးဆောင်ပြီး သီးသန့်ယာဉ်ရပ်နားကွင်းတွေ ဆောက်လုပ်နေပါတယ်၊ ဒဂုံအရှေ့ပိုင်း၊ လှိုင်သာယာနဲ့ ယုဇနဥယျာဉ်မြို့တော်မှာ ယာဉ်ရပ်နားကွင်းတွေ တည်ဆောက် ဖို့အတွက် လုပ်ငန်းစတင်နေပါပြီ၊ တခြားမြို့နယ်တွေမှာ တည်ဆောက်ဖို့ အတွက်လည်း အစီအစဉ်ရေးဆွဲနေပါတယ်၊ ဒီနှစ်အတွင်း ယာဉ်ရပ်နား ကွင်းတွေကို ဦးစားပေးပြီး ဆောက်လုပ်မှာဖြစ်ပါတယ်’’ဟု ‘ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့’ အတွင်း ရေးမှူး ဒေါက်တာ မောင်အောင်က ပြောသည်။
YBS ယာဉ်များ စည်းကမ်းတကျ ရပ်နားနိုင်ရန်အတွက် ဘတ်စ်သီး သန့်ယာဉ်ရပ်နားကွင်းများကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင် ရေး ကြီးကြပ်ကွပ်ကဲမှုအဖွဲ့မှ ကြီးကြပ်၍ ခရိုင်အသီးသီးတွင် ဆောက်လုပ် ပေးမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာဉ်ရပ်နားကွင်းတွင် YBS ဘတ်စ် အစီးငါးရာဝန်းကျင် အထိ ရပ်နားနိုင်မည့်အပြင် စက်ပြင်ဌာနများ အပါအဝင် ယာဉ်နှင့်ပတ်သက် သည့် ဝန်ဆောင်မှုများပေးနိုင်သော အဆောက်အအုံများကိုလည်း ထည့် သွင်းဆောက်လုပ်မည် ဖြစ်ကြောင်း၊ ယာဉ်ရပ်နားကွင်းများ တည်ဆောက် ပြီးပါက YBS ယာဉ်များသည် အများနှင့်သက်ဆိုင်သော လမ်းများပေါ်တွင် အကြောင်းမဲ့ ကြာရှည်စွာရပ်နားခြင်းများကို ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း သိရသည်။

ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here