YBS ယာဉ်လိုင်းအတွင်း  ပြေးဆွဲနေသည့်  ဘတ်စ် ၇၅ စီးကို ယာဉ်အသစ်များဖြင့် အစားထိုးရန် ဆောင်ရွက်မည်

804

ရန်ကုန်၊ မေ

YBS ယာဉ်လိုင်းများတွင် မောင်းနှင်နေသည့်ယာဉ် ၇၅ စီးကိုယာဉ်အသစ်များဖြင့် အစားထိုးရန် ယခုနှစ်အတွင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ သိရသည်။

ဟောင်းနွမ်းနေသည့် ယာဉ်များနေရာတွင် ယာဉ်အသစ်များဖြင့် အစားထိုးပြေးဆွဲရန် စီစဉ်နေပြီး  ယခုနှစ်အတွင်း၌လည်း YBS ယာဉ်လိုင်းများတွင် ပြေးဆွဲနေသည့်ယာဉ်များထဲမှ ကြံ့ခိုင်မှုမရှိသည့်ယာဉ်များကို ယာဉ်အသစ်များဖြင့် အစားထိုးလဲလှယ်မည် ဖြစ်သည်။

”ဟောင်းနွမ်းပြီး အမြင်မလှတဲ့ ယာဉ်တွေကို ယာဉ်အသစ်တွေနဲ့ အစားထိုးပြေးဆွဲဖို့ စီစဉ်နေပါတယ်၊ လက်ရှိ ပြေးဆွဲနေတဲ့ဘတ်စ်တွေထဲမှာ အစီးရေ တစ်ဝက်ကျော်ကတော့ ယာဉ်အသစ်တွေ ဖြစ်ပါတယ်၊ နောက်ထပ်လည်း ယာဉ်ဟောင်းတွေနေရာမှာ ယာဉ်အသစ်တွေနဲ့ အစားထိုးပြေးဆွဲဖို့ စီစဉ်နေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

YBS ယာဉ်လိုင်းအတွင်းမှ ၁၉၉၈ မိုဒယ်နှင့်အောက် ယာဉ် အစီးလေးထောင်ကျော်ကို အို/ ဟောင်းအပ်နှံ၍ လူစီးစလစ် ထုတ်ယူခွင့်ပြုထားပြီးဖြစ်သလို သတ်မှတ်ထားသည့်မိုဒယ် မရောက်ရှိသေးသော်လည်း ဟောင်းနွမ်းနေပါက ယာဉ်အသစ်များဖြင့် အစားထိုးပြေးဆွဲရန် စီစဉ်နေကြောင်း သိရသည်။

လက်ရှိတွင်  YBS  ကုမ္ပဏီ ၂၁ ခု၊ ယာဉ်လိုင်းကိုးဆယ်ကျော်မှ ယာဉ်အစီး ငါးထောင်ဝန်းကျင်ဖြင့် ရန်ကုန်မြို့တွင်း ပြေးဆွဲနေကြောင်း သိရသည်။

ကြည်ပြာ၊ ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here