YBS ယာဉ်လိုင်းများတွင်  ပြေးဆွဲရန် ကနဦးမှတ်ပုံတင်ပြုလုပ်ထားသည့် ဘတ်စ် အစီး ၃,၆ဝဝ ကျော်ရှိ 

833

ရန်ကုန်၊ ဧပြီ

YBS ယာဉ်လိုင်းများတွင် ပြေးဆွဲရန် ယခုနှစ် လေးလတာအတွင်း ကနဦး မှတ်ပုံတင်ပြုလုပ်သည့် ယာဉ်အစီးရေခြောက်ရာကျော်ရှိပြီး လက်ရှိအချိန်ထိ အစီး ၃,၆ဝဝ ကျော် ကနဦးမှတ်ပုံတင်ပြုလုပ်ထားပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးခွဲ(ရွာသာကြီး) မှ သိရသည်။

YBS စနစ်သစ်ကို ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်တွင် စတင်ခဲ့ပြီး YBS ယာဉ်လိုင်းများတွင် ဝင်ရောက်ပြေးဆွဲရန်အတွက် ဖေဖော်ဝါရီလမှစ၍ ယာဉ်အသစ်များ တင်သွင်းလာရာ လက်ရှိအချိန်ထိ ဘတ်စ် အစီး ၃,၆ဝဝ ကျော်ရှိနေပြီး အစိုးရမှ ဝယ်ယူထားသည့် ယာဉ်အစီးတစ်ထောင်နှင့် YBS ယာဉ်လိုင်းကုမ္ပဏီများမှ တင်သွင်းထားသည့်ယာဉ်များ ပါဝင်ကြောင်း သိရသည်။

”YBS ယာဉ်လိုင်းတွေမှာ ပြေးဆွဲဖို့ ကနဦးမှတ်ပုံတင်ပြုလုပ်ထားတဲ့ ဘတ်စ် ၃,၆၄၈ စီးအထိ ရှိနေပါပြီ၊ တစ်လကို ကနဦးမှတ်ပုံတင်ပြုလုပ်တဲ့ ဘတ်စ်အစီးတစ်ရာကျော်ဝန်းကျင်ရှိပါတယ်၊ ဧပြီလ အတွင်းမှာတော့ သကြင်္န်ရုံးပိတ်ရက်တွေရှိလို့ ၁၄ စီးပဲ မှတ်ပုံတင်ပြုလုပ်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးခွဲ (ရွာသာကြီး) ကနဦးမှတ်ပုံတင်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင်း ခရီးသည်တင်ယာဉ်လိုင်းများ ပြေးဆွဲခြင်းကို မထသ စနစ်မှ YBS စနစ်သစ်ပြေးဆွဲမှု စတင်ခဲ့သည့်အချိန်မှစ၍ လက်ရှိအချိန် အထိ ခရီးသည်တင်ယာဉ်လိုင်းများတွင် ပါဝင်ပြေးဆွဲရန် ကနဦးမှတ်ပုံတင် ပြုလုပ်ရာ၌ ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလ၌ ၉၄ စီး၊ မတ်လ၌ ၁၉၃ စီး၊ ဧပြီလ၌ ၁ဝ၄ စီး၊ မေလ၌ ၂၅၃ စီး၊ ဇွန်လ၌ ၁,၁၇၄ စီး၊ ဇူလိုင်လ၌ ၁၅၅ စီး၊ သြဂုတ်လ၌ အစီး ၁၅ဝ၊ စက်တင်ဘာလ၌ အစီး ၁၆ဝ၊ အောက်တိုဘာလ၌ ၂၂၇ စီး၊ နိုဝင်ဘာလ၌ ၄၂၁ စီး၊ ဒီဇင်ဘာလ၌ ၁၁၅ စီး၊ ယခုနှစ် ဇန်နဝါရီလ၌ ၄၄၇ စီးနှင့် ဖေဖော်ဝါရီလ၌ ၃၅ စီး၊ မတ်လ၌ ၁ဝ၆ စီး၊ ဧပြီ ၁ ရက်မှ ၂၅ ရက်အထိ ၁၄ စီး မှတ်ပုံတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here