YBS ယာဉ်မောင်းအဖြစ် အသိအမှတ်ပြု စမတ်ကတ်ထုတ်ပေးထားသည့် ယာဉ်မောင်း ၈,၉ဝဝ ကျော်ရှိ

194

 

ရန်ကုန်၊ ဇူလိုင် ၂၈
YRTA အသိအမှတ်ပြု စမတ်ကတ် ထုတ်ပေးထားသည့် ယာဉ်မောင်း ၈,၉ဝဝ ကျော်ရှိပြီး စမတ်ကတ်ပါရှိမှသာ YBS ယာဉ်လိုင်းကုမ္ပဏီများ တွင် မောင်းခွင့်ရရှိမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာ ဏာပိုင်အဖွဲ့မှ သိရသည်။

YBS ယာဉ်မောင်းများ စည်းကမ်းတကျ မောင်းနင်နိုင်ရန်အတွက် စမတ်ကတ်ဖြင့် ထိန်းချုပ်ထားပြီး ယင်းစမတ်ကတ်တွင် ပါရှိသည့် ကုမ္ပဏီအမည်တွင်သာ မောင်းနှင်ခွင့် ရရှိမည်ဖြစ်သည်။ အခြားကုမ္ပဏီတွင် မောင်းနှင်ပါက လက်ရှိကုမ္ပဏီ၏ ထောက်ခံ ချက်ပါရှိမှသာ မောင်းနှင်ခွင့်ရရှိမည် ဖြစ်ကြောင်း သိရသည်။

“YRTA က YBS ယာဉ်မောင်းအဖြစ် အသိအမှတ်ပြုစမတ် ကတ်ကို ထုတ်ပေးထားတာ ယာဉ်မောင်း ၈,၉ဝဝ ကျော်ရှိပါတယ်၊ ဒီကတ်က YBS ယာဉ်မောင်းအဖြစ် အသိအမှတ်ပြုထားတဲ့ ကတ်ဖြစ်သလို Telematic စနစ်အသုံးပြု ပြီး ယာဉ်မောင်းတွေရဲ့ လှုပ်ရှားမှု အသေးစိတ်ကို ကြည့်ရှု ထိန်းချုပ်ဖို့အတွက် ထုတ်ပေးထားတာ ဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ညီညီမော် က ပြောသည်။

YBS ယာဉ်မောင်း စမတ်ကတ်သည် တစ်နှစ်သက်တမ်း အသုံးပြုခွင့်ရမည်ဖြစ်ကာ စမတ်ကတ် စတင်ထုတ်ပေးချိန်မှ လက်ရှိအချိန်အထိ ယာဉ်မောင်း ၈,၉ဝဝ ကျော်ကို ထုတ်ပေးထားပြီး တစ်နှစ်ပြည့် သက်တမ်းလာရောက်တိုးသည့် ယာဉ်မောင်း ၅၉၃ ဦး သာရှိသေးကြောင်း သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here