ရန်ကုန်၊ ဇူလိုင်
YRTA Smart Card မှ တစ်ဆင့် YBS ယာဉ်မောင်းများ၏ စည်းကမ်းဖျောက်ဖျက်မှုများ အပါအဝင် ယာဉ်မောင်းများကို တိုက်ရိုက် ဆက်သွယ်ပြောကြား ထိန်းချုပ်နိုင် သည့် Telematic စနစ်ကို ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီမှ YBS ယာဉ်များဖြင့် စတင်စမ်းသပ်နေပြီး မကြာမီအသုံးပြုနိုင်တော့ မည်ဖြစ်ကြောင်း သိရသည်။
YBS ယာဉ်မောင်းများကိုင် ဆောင်သည့် Smart Card သည် RFID (Redio-Frequency Identification)စနစ်ကို အသုံးပြုထားခြင်းဖြစ်သောကြောင့် YBS တွင် တပ်ဆင်ထားသည့် Telematic Device မှတစ်ဆင့် ယာဉ်မောင်းနေစဉ် ယာဉ်မောင်းတစ်ဦးချင်းစီ၏ လှုပ်ရှားမှု အချက်အလက် အသေးစိတ်ကို ရန်ကုန်ဘတ်စ် အော်ပရေတာမှ စောင့်ကြည့်နိုင်မည်ဖြစ်သည်။ ထို့ပြင် ယာဉ်မောင်း များကို တိုက်ရိုက်ပြောဆိုနိုင်မည့် ဖြစ်ပြီး ထိုစနစ်ကို YBS ယာဉ် များအားလုံးတွင် တပ်ဆင်ရမည့် ဖြစ်သည်။ လက်ရှိတွင် ဗန္ဓုလကုမ္ပ ဏီမှ YBS ယာဉ်များတွင် တပ် ဆင် စမ်းသပ်အသုံးပြုလျက်ရှိ ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ် ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။
“Telematic စနစ်က ကားကို ဘယ်သူမောင်းနေတာလဲ၊ဘယ်လမ်းကြောင်းကနေ မောင်းတာလဲ၊ ဘယ်နားမှာရပ်လဲ၊ ဘရိတ်ဘယ်နှချက်အုပ်လဲဆိုတာကအစ အသေးစိတ်သိနိုင်မယ်၊ ယာဉ်မောင်းနေစဉ်မှာ အဲ့ဒီယာဉ်မောင်းရဲ့ အပြုအမူ လှုပ်ရှားမှု အားလုံးကိုသိနိုင်မယ့် အပြင် တိုက်ရိုက်ဆက်သွယ်ပြောဆိုနိုင်တဲ့ စနစ်တွေပါဝင်မှာပါ၊ ဒီစနစ် ကို အခုဗန္ဓုလကုမ္ပဏီက ကားတွေ မှာတပ်ပြီး စမ်းသပ်အသုံးပြုနေပါ ပြီ၊ ယာဉ်တွေအားလုံးမှာ တပ်ဆင်ပြီး ထိန်းချုပ်နိုင်ဖို့ စီစဉ်နေပါတယ်၊ ယာဉ်မောင်းဦးရေ ၈,၇၉ဝ ကို Smart Card ထုတ်ပေးထားပြီးပါပြီ”ဟု ‘ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာ ဏာပိုင်အဖွဲ့’ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ညီညီမော်က ပြောသည်။
Telematic စနစ်သည် ခရီး စဉ်လမ်းကြောင်းကြာချိန်၊ သတ် မှတ်ရပ်နားရမည့် နေရာများတွင် ရပ်နားခြင်းရှိ/မရှိ၊ ယာဉ်ထွက်ခွာချိန်၊ ရောက်ရှိချိန်၊ သတ်မှတ်မိုင်နှုန်း မောင်းနှင်ခြင်း ရှိ/မရှိ၊ ထိုင်ခုံခါး ပတ်ပတ်ထားခြင်း ရှိ/မရှိ၊ ဘရိတ်နင်းသည့်အကြိမ်ရေအတွက် အပါ အဝင် ယာဉ်မောင်းနေစဉ် အပြုအမူ များအားလုံးကို ရန်ကုန်ဘတ်စ် အော်ပရေတာမှ ကြည့်ရှုထိန်းချုပ် နိုင်မည်ြဖစ်သည်။
ကြည်ပြာ