YBS ယာဉ်စီးခပေးချေသည့်စနစ်ကို မည်သည့်ငွေပေးကတ်နှင့်မဆို အသုံးပြုနိုင်ရန် လုပ်ဆောင်မည် ဟုဆို

97

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂
YBS ယာဉ်စီးခပေးချေသည့် စနစ်ကို Bank Card ၊ Master ၊ Visa စသည့် ငွေပေးချေသည့် မည်သည့် ကတ်နှင့်မဆို အသုံးပြုနိုင်ရန်အ တွက် စီစဉ်မည်ဖြစ်ကြောင်း ရန် ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

YBS ယာဉ်စီးခပေးချေခြင်းအတွက် လတ်တလောတွင် Yangon Payment Service (YPS)ကတ်ဖြင့်သာ ပေးချေနိုင်မည်ဖြစ်ပြီး ၂ နှစ်ကျော်အကြာတွင် မည်သည့်ငွေပေးကတ်နှင့်မဆို အသုံးပြုနိုင်အောင် စီစဉ်မည်ဖြစ်ကြောင်း သိရသည်။

”အခု ဘတ်စ်ကားတွေကို ကတ်စနစ်နဲ့ စီးလို့ရအောင်လုပ်နေပါတယ်၊ ကတ်ကို နောက်ဆုံးအဆင့် ရအောင်လုပ်ချင်တယ်၊ ဘယ်ကတ်နဲ့မဆို စီးလို့ရတဲ့စနစ်ရအောင် လုပ်မယ်၊ ပထမဆုံး YPS ကတ်နဲ့ စီးရမယ်၊ နောက် တစ်နှစ်၊ ၂ နှစ် ကြာရင် ဘယ်ကတ်နဲ့မဆို စီးလို့ ရအောင်လုပ်မယ်၊ အဲဒီအတွက် အစကောင်းဖို့လိုတယ်၊Master Visa နဲ့ပါစီးလို့ရအောင် လုပ်မယ်၊ ဝန်ဆောင်မှုတော့ကွာမယ်၊ ဥပမာ YPS ကတ်က တစ်ရာကို ဝန် ဆောင်ခ နှစ်ကျပ်ဆိုရင် Master Visa က ငါးကျပ်ဆိုရင် Master Visa ဖိုးရယ် Yangon Payment Service အတွက် ၂ ရယ် ပေါင်း ခုနစ်ကျပ်ကျမယ်၊ ဒါမျိုးဖြစ်အောင် လုပ်နေတယ်၊ မကြာခင် YPS ကတ်လည်း အသုံးပြုခွင့်ရတော့မှာ ပါ”ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လွတ်တော်ကိုယ်စားလှယ်များနှင့် မြို့လူထုတွေ့ဆုံပွဲ အ ခမ်းအနားတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကတ်စနစ် စတင်အသုံးပြုနိုင်ရန်အတွက် တပ်ဆင်ပြီးသည့် စက် များကို စမ်းသပ်စစ်ဆေးမှုများပြုလုပ်နေပြီး မကြာမီ စတင်အသုံးပြု နိုင်တော့မည်ဖြစ်ကြောင်း YRTA မန်နေဂျင်း ဒါရိုက်တာ ဦးအောင်ညီညီမော်က ပြောသည်။
ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here