YBS ယာဉ်စီးခပေးချေလို့ရမည့် ကတ်စနစ်အတွက် ဒုတိယအကြိမ် Pilot Project ပြုလုပ်ပြီးစီးပြီး ရလဒ်ကို YRTA သို့တင်ပြထား

450

 

ရန်ကုန်၊ မေ ၆

YBS ယာဉ်စီးခပေးချေလို့ရမည့် YPS ကတ်စနစ်အတွက် ဒုတိယအကြိမ် Pilot Project ပြုလုပ်ထားပြီးဖြစ်ပြီး ယင်းအချက်အလက်များကို YRTA သို့ တင်ပြထားရာ ရလဒ် အပေါ်မူတည်၍ ပြည်သူများ အသုံးပြုခွင့် ရရှိမည့်အချိန်ကို သိရှိရမည် ဖြစ်ကြောင်း Asia Starmar Transport Intelligent ကုမ္ပဏီမှ သိရသည်။

YBS ယာဉ်များတွင် တပ်ဆင်ထားသည့် Yangon Payment Service (YPS)စက်များ အဆင်ပြေမှုရှိမရှိနှင့် ပထမအကြိမ် ပြုလုပ်ထားသည့် Pilot Project တွင် တွေ့ရှိထားသော လိုအပ်ချက်များနှင့် ဖြည့်စွက်ရမည့် အချက်များကို ပြုပြင်ကာ ဒုတိယအကြိမ် Pilot Project ထပ်မံပြုလုပ်ထားခြင်းဖြစ်ကြောင်း Asia Starmar Transport Intelligent ကုမ္ပဏီမှ သိရသည်။

” ပထမတစ်ကြိမ်က လိုအပ်တဲ့ အချက်အလက်တွေ အားလုံးကို ပြန်ပြုပြင်ပြီး ထပ်မံ စမ်းသပ်ထားတာပါ၊ စမ်းသပ်ပြီးတဲ့ YBS ယာဉ် ၁,၉၀၀ ကျော်ရှိပါတယ်၊ အဲဒီအချက်အလက်တွေကို YRTA ဆီ တင်ပြထားပါတယ်၊ YRTA က အကြောင်းပြန်လာတဲ့အချက်အပေါ်မူတည်ပြီး ဆက်လက် လုပ်ဆောင်ရမယ့်အနေအထားနဲ့ ပြည်သူတွေအသုံးပြုခွင့်ရမယ့် အချိန်ကို သိရမှာပါ၊ မေ ၁၅ ရက်အထိ လူစုလူဝေး မလုပ်ရ ဆိုတဲ့အတွက် လတ်တလော တွေ့ဆုံလို့ မရဘူးလို့ အကြောင်းကြားထားပါတယ်၊ အဲဒီနောက်ပိုင်းမှ ခေါ်ယူတွေ့ဆုံတာမျိုး လုပ်မယ်လို့ သိရပါတယ် ” ဟု Asia Starmar Transport Intelligent ကုမ္ပဏီ၏ COO ဒေါ်ရီရီခင်က ပြောသည်။

Payment ကတ်ဖြင့် ယာဉ်စီးခပေးချေသည့်အခါ ငွေပေးချေပြီးကြောင်း အချက်ပြအသံစနစ်၊ မှတ်တိုင်၏ ၇၅ မီတာအတွင်းတွင်သာ ယာဉ်စီးခဖြတ်တောက်သည့် စနစ်၊ သတ်မှတ်ထားသည့် မှတ်တိုင်ဧရိယာအတွင်း ရောက်ရှိချိန်တွင် ယာဉ်မောင်းသိရှိစေရန် အချက်ပြအသံစနစ်၊ ငွေပေးချေရာတွင် ရောက်ရှိမှတ်တိုင် ဖော်ပြသည့်စနစ်တို့ ပါဝင်မည်ဖြစ်ပြီး ငွေပေးချေမူ စမ်းသပ်ခြင်းကို YBS ယာဉ်များ၏ မူလသတ်မှတ်ထားသည့် ယာဉ်စီးခနူန်းထားအတိုင်းသာ အသုံးပြု စမ်းသပ်နေခြင်းဖြစ်ကြောင်း သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here