YBS ယာဉ်စီးခနှုန်းထားများ ပြောင်းလဲသတ်မှတ်ရန် ဆွေးနွေးမည်

146

 

ရန်ကုန်၊ ဇန်နဝါရီ
YBS စနစ်သို့ ပြောင်းလဲချိန်မှ စတင်ပြီး ယာဉ်လိုင်းအများစုတွင် ယာဉ်စီးခ ကျပ်နှစ်ရာ သတ်မှတ် ကောက်ခံခဲ့သော်လည်း အဆိုပါ နှုန်းထားသည် Brand New ကားများအတွက် အခက်အခဲရှိနေသဖြင့် YBS ယာဉ်စီးခပြောင်းလဲ သတ်မှတ်ရန် ဆွေးနွေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

ယခင် အခြေခံလုပ်ခလစာ ကျပ် ၃,၆၀ဝ သတ်မှတ်ထားချိန်တွင် ဘတ်စ်ကားခကို ကျပ်နှစ်ရာ ကောက်ခံခဲ့ခြင်း ဖြစ်သော်လည်း ယခုအချိန်တွင် အခြေခံလုပ်ခလစာများ တိုးမြှင့်ရရှိနေပြီ ဖြစ်သည့်တိုင် ဘတ်စ်ကားခကို ကျပ်နှစ်ရာနှုန်းသာ သတ်မှတ်ထားဆဲဖြစ်၍ ယာဉ်အသစ်များ ဝယ်ယူပြေးဆွဲနေသည့် ယာဉ်လိုင်းများအတွက် နစ်နာမှုများ ရှိနေကြောင်း သိရသည်။

“အရင်ကအခြေခံလုပ်ခလ စာ ၃,၆၀ဝ မှာ ယာဉ်စီးခ ၂၀ဝ ကောက်ခဲ့တဲ့အချိန်မှာတောင် တချို့လိုင်းတွေက သုံးရာကောက်တာ တွေ ရှိခဲ့တယ်၊ အခု လုပ်ခလစာလည်း တိုးတယ်ဆိုပေမဲ့ ကားခက နှစ်ရာဖြစ်နေတယ်၊ ဒါက Brand New ကားတွေ အတွက်က တော်တော်လေး အခက်အခဲဖြစ်နေတယ်၊ အဲ့ဒါကြောင့် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်း YBS လေးနှစ်ပြည့် အခမ်းအနားမှာ ကားခတွေကိစ္စကို ပြန်သုံးသပ်ရမယ်၊ စဉ်းစားဖို့လိုနေပြီလို့ ပြောထားတာလည်း ရှိပါတယ်၊ ကားခ ပြောင်းလဲသတ်မှတ်ဖို့က အခြေခံလုပ်ခလစာနဲ့ ဆက် စပ်ပြီး ပြောင်းလဲမယ်ထင်ပါတယ်”ဟု YRTA မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

YBS ယာဉ်လိုင်းအတွင်း ပြေးဆွဲနေသည့် မည့်သည့်ယာဉ်မဆို ယာဉ်လိုင်းအလိုက် သတ် မှတ်ထားသည့် နှုန်းထားအတိုင်း တစ်ပြေးညီ ကောက်ခံနေရခြင်း သည်။ ဝန်ဆောင်မှု အပြည့်အဝပေး နိုင်ရန်အတွက် ယာဉ်အသစ်များ ဝယ်ယူပြေးဆွဲနေသည့် ကုမ္ပဏီများအတွက် နစ်နာမှုများ ဖြစ်နေသလို အရင်းကြေကာလတစ်ခုကို ခက်ခဲစွာ ဖြတ်ကျော်နေရကြောင်း YBS ယာဉ်လိုင်းကုမ္ပဏီများထံမှ သိရသည်။
ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here