ရန်ကုန်၊ ဇူလိုင် ၂၈
YBS ယာဉ်စီးခများကို ခရီးစဉ်အ လိုက် ကျသင့်ငွေကိုသာ ပေးချေရသည့် Distance Pay စနစ်ဖြင့် ပြောင်းလဲကောက်ခံရန် အစီအစဉ်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီး ကြပ်ကွပ် ကဲမှုအာဏာပိုင်အဖွဲ့မှ သိရသည်။
လက်ရှိ YBS ယာဉ်စီးခကို ပုံသေယာဉ်စီးခဖြင့် ကောက်ခံခြင်းဖြစ်ကာ နောက်ပိုင်းတွင် ခရီးစဉ်အလိုက် ပိုင်းဖြတ်ကောက်ခံသည့် Distance Pay စနစ်သို့ ပြောင်းလဲကျင့်သုံးရန် အစီအစဉ်ရှိပြီး YPS Payment Card စနစ်အသုံးပြုမှု ပြည်သူများ အသားတကျရှိချိန်တွင် ထိုစနစ်ကို ပြောင်းလဲကျင့် သုံးမည်ဖြစ်ကြောင်း သိရသည်။
“ပိုင်းဖြတ်ကောက်ခံတဲ့ စနစ် နဲ့ ကောက်ခံဖို့ အစီအစဉ်ရှိတယ်၊ ဒီစနစ်က ဘယ်နေရာကနေ ဘယ် နေရာကို ဘယ်လောက်ကျမယ် ဆိုပြီး သတ်မှတ်မှာပါ၊ ဒါတွေက အဆင့်တွေအများကြီး ရှိပါတယ်၊ ပြည်သူလူထုအတွက်ကို အဓိက ထားစဉ်းစားရတယ်၊ ပြည်သူတွေ သုံးမှာကို သူသုံးမယ့်ပိုက်ဆံ ပိုယူ လို့လည်း မရဘူး၊ ပြည်သူနစ်နာ မယ်၊ လျှော့ယူရင်လည်း ကုမ္ပဏီ နစ်နာမယ်၊ Distance Pay စပြီ ဆိုတာနဲ့ အားလုံးကို အသိပေးမယ်၊ ရှင်းပြပြီးမှ ဆောင်ရွက်မှာပါ”ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။
လက်ရှိ YPS Payment Card စနစ်စတင်ရာတွင် ပုံသေနှစ် ရာကျပ်သာ သတ်မှတ်ထားပြီး ရှေ့အတက်တစ်ကြိမ်နှင့် အဆင်းတစ်ကြိမ် နှစ်ကြိမ်ဖြတ်ရန် ပြုလုပ်ထားခြင်း ဖြစ်သည်။ ရှေ့အတက်တွင် ကတ်စာရင်းထည့်သွင်းခြင်း ဖြစ်ပြီး အဆင်းတွင် စက်ကိုဖြတ်မှသာ ယာဉ်စီးခပေးချေခြင်း အောင်မြင်မည်ဖြစ်ကြောင်း Asia Starmar Transport Intelligent ကုမ္ပဏီမှ သိရသည်။
ကြည်ပြာ