YBS  တစ်နှစ်မပြည့်မီ ယာဉ်လိုင်းအတွင်းရှိ  ဟောင်းနွမ်းနေသောယာဉ်များကို ယာဉ်အသစ်များဖြင့် လဲလှယ်မည်

549

YBS သက်တမ်း တစ်နှစ်ပြည့်မတိုင်မီ ယာဉ်လိုင်းများအတွင်း ပြေးဆွဲနေသည့် ဟောင်းနွမ်းယာဉ်များ အားလုံးကို ယာဉ်အသစ်များဖြင့် အစားထိုး လဲလှယ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ သိရသည်။

 

YBS စနစ်သစ်စတင်ပြေးဆွဲခဲ့ သည်မှာ ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်တွင် တစ်နှစ်ပြည့်မည်ဖြစ်ပြီး ယင်းကာလမတိုင်မီ YBS ယာဉ် လိုင်းအတွင်း ပြေးဆွဲနေသည့် ဟောင်းနွမ်းယာဉ်များ အားလုံးကို ယာဉ်အသစ်များနှင့် လဲလှယ်မည့်အပြင် တစ်ဦးပိုင်ယာဉ်များကိုလည်း ကုမ္ပဏီပိုင်ယာဉ်များအဖြစ် ပြောင်းလဲသွားမည် ဖြစ်ကြောင်း သိရသည်။

 

”ခရီးသည်တင်ယာဉ်တွေကိုအများပိုင်အစစ်အဖြစ် ပြောင်းလဲနေပါတယ်၊ စနစ်တစ်ခုကို ချက်ချင်းကြီး ပြောင်းလဲလို့ မရတဲ့အတွက် တဖြည်းဖြည်းချင်း ပြောင်းလဲနေပါ တယ်၊ ယာဉ်အသစ်တွေနဲ့ အစားထိုး ပြေးဆွဲဖို့အတွက် ကားဟောင်းတွေကိုလည်း မိုဒယ်သတ်မှတ်ချက်အလိုက် အပ်နှံခွင့်တွေ ပြုနေပါ တယ်၊ YBS သတ်တမ်း တစ်နှစ် မတိုင်ခင် ဟောင်းနွမ်းနေတဲ့ ကားတွေအကုန်လုံးကို ယာဉ်သစ်တွေနဲ့ လဲလှယ်နိုင်ဖို့ လုပ်ဆောင်မှာပါ”ဟု ‘ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့’ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။

 

ရန်ကုန်မြို့တွင်း မောင်းနှင် နေသည့် YBS ယာဉ်လိုင်းများမှ သက်တမ်းလွန်ယာဉ်များ နေရာတွင် ယာဉ်အသစ်များဖြင့် အစားထိုးပြေးဆွဲရန် သက်တမ်းလွန်ယာဉ် များကို အို/ဟောင်း အပ်နှံ၍ လူစီးစလစ် ထုတ်ပေးခြင်းများ ပြုလုပ်ပေးလျက် ရှိသည်။

 

ယင်း အို/ဟောင်းယာဉ်များ ကဲ့သို့ သက်တမ်းမလွန်သေးသော် လည်း ကြံ့ခိုင်မှုမရှိသည့် ဟောင်း နွမ်းနေသော ယာဉ်များကို ဖျက် သိမ်း၍လည်း YBS သက်တမ်း တစ်နှစ်ပြည့်မတိုင်မီ ယာဉ်အသစ်များဖြင့် အစားထိုးလဲလှယ်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင် ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

 

YBS ခရီးသည်တင် ယာဉ်များကို စနစ်တစ်ခု သတ်မှတ်၍ အများပိုင်ကုမ္ပဏီများ ဖွဲ့စည်းရန် စီစဉ်နေပြီး သတ်မှတ်ချက်နှင့်ကိုက် ညီသည့် ယာဉ်များကိုသာ ပြေးဆွဲ ခွင့်ပြုသွားမည် ဖြစ်သည့်အတွက် ယာဉ်အဟောင်းများကို အို/ဟောင်း အပ်နှံ၍ ခွင့်ပြုခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ သိရသည်။

 

ရန်ကုန်မြို့တွင်း ပြေးဆွဲနေ သည့် ခရီးသည်တင်ယာဉ်လိုင်းများ ကို ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်မှစတင်၍ မထသစနစ်မှ YBS စနစ်သစ်အဖြစ် စတင်ပြောင်းလဲခဲ့ ခြင်းဖြစ်သည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here