YBS စီးသည့်ခရီးသည် အရေအတွက် တစ်ရက်လျှင် ရှစ်သိန်းဝန်းကျင်အထိ ရောက်ရှိလာ

258

 

ရန်ကုန်၊ ဇွန် ၂၃
YBS စီးသည့် ခရီးသည် တစ်ရက်လျှင် ရှစ်သိန်းဝန်းကျင်အထိ ရှိလာပြီဖြစ်ပြီး လက်ရှိတွင် ယာဉ်အစီးရေ သုံးထောင်ကျော် ပြေးဆွဲပေးနေသော်လည်း Social Distancing အညီ စီးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

Covid-19 ကူးစက်ရောဂါ စတင်တွေ့ရှိခဲ့သည့် ကာလမှစတင် ကာ ရန်ကုန်မြို့အတွင်း လမ်းများ ပေါ်တွင် ယာဉ်သွားလာမူနှင့် ခရီး သွားများ သိသိသာသာ ကျဆင်းခဲ့ သော်လည်း မေလမှ စတင်ကာ ယာဉ်သွားလာမှုများ တစ်နေ့ထက် တစ်နေ့ များပြားလာသလို YBS စီးသည့်ခရီးသည်များလည်း နေ့စဉ် တိုးလျက်ရှိပြီး လက်ရှိအချိန်တွင် တစ်နေ့လျှင် ခရီးသည် ရှစ်သိန်းဝန်း ကျင်အထိရှိလာကြောင်း သိရသည်။

“Covid-19 မဖြစ်ခင် ကာလနဲ့ယှဉ်ရင် ခရီးသွားတွေ တော် တော်နည်းသွားတယ်၊ YBS ကုမ္ပ ဏီတွေရော ပိုင်ရှင်တွေရော ရံှူးနေကြတော့ စီးတဲ့ခရီးသည်နဲ့ ကားနဲ့ကို ချိန်ဆပြီး ပြေးဆွဲပေးနေရတဲ့အနေအထား ဖြစ်နေတယ်၊ ဒီအစီးရေထက် ထပ်တိုးပြေးဆွဲ ပေးဖို့ကိုလည်း ညှိနှိုင်းပြောဆိုထားပါတယ်၊ ရုံးတက်ရုံးဆင်းအချိန်မှာSocial Distancing နဲ့အညီ မစီး နိုင်ကြသေးဘူး၊ အဲ့ဒီအခြေအနေကို ပြောင်းလဲဖို့အတွက်ဆိုရင် ကားတွေအကုန်ထွက်နိုင်အောင် အစိုးရ ကထောက်ပံမှုလုပ်ပေးဖို့ လိုတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ တွဲဖက်အတွင်းရေးမးြ ဦးလှအောင်က ပြောသည်။

Covid-19 ရောဂါပိုး မြန်မာနိုင်ငံတွင် စတင်တွေ့ရှိချိန် မတ် ၂၃ ရက်မှစတင်ကာ ရန်ကုန်အတွင်း ခရီးသွားလာမှု မရှိသလောက် လျော့နည်းခဲ့သော်လည်း ဧပြီ ၂ဝ ရက် နောက်ပိုင်းတွင် ခရီးသွားပြန်လည် များလာပြီး ဧပြီလကုန်ပိုင်း၌ YBS စီးခရီးသည် နှစ်သိန်းကျော်၊ မေလ ဆန်းတွင် YBS စီးခရီးသည် သုံး သိန်းကျော်နှင့် မေလကုန်တွင် YBS စီးခရီးသည် ငါးသိန်းကျော်၊ ဇွန်လ ဆန်းတွင် ခြောက်သိန်း ကျော်အထိ ရှိလာကာ လက်ရှိအချိန်၌ ရှစ်သိန်း ဝန်းကျင်အထိ ရှိလာသည်။ Covid-19 မဖြစ်ပွားမီက နေ့စဉ် YBS အစီး ၄,၅ဝဝ ဝန်းကျင်ဖြင့် ပြေးဆွဲ ပေးခဲ့ပြီး လက်ရှိအချိန်တွင် YBS အစီး ၃,၆ဝဝ ဝန်းကျင်ဖြင့် ပြေး ဆွဲပေးနေခြင်းဖြစ်သည်။
ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here