YBS စနစ်တွင် အမြတ်ရရှိနိုင်ရန်အတွက် အရင်းကျေကာလအဖြစ် ငါးနှစ်မှ ရှစ်နှစ်အကြား အချိန်ကာလ တစ်ခုပေးရန်လို

408

ရန်ကုန်၊ ဇန်နဝါရီ
YBS စနစ်တွင် ပါဝင်သည့် ယာဉ်များသည် ငါးနှစ်မှ ရှစ်နှစ်ကာလ အတွင်းမှာသာ အရင်းကျေကာလ တစ်ခုအဖြစ် အချိန်ပေးရမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။

YBS ယာဉ်လိုင်းအတွင်း ပြေးဆွဲနေသည့် ယာဉ်များအနေဖြင့် အရှုံးအမြတ်များကို လက်ခံနိုင်ရမည်ဖြစ်ပြီး အမြတ်ရရှိနိုင်ရန်အတွက် အရင်းကျေကာလအဖြစ် ငါးနှစ်မှ ရှစ်နှစ်အကြားကာလတစ်ခုကို ဆိုင်းငံ့ချိန်အဖြစ် ပေးရမည်ဖြစ်ကြောင်း သိရသည်။

‘‘ပြေးဆွဲနေတဲ့ ယာဉ်လိုင်း တိုင်းအရံှုးအမြတ် ကွာခြားချက် ရှိနိုင်တယ်၊ မြတ်တာပဲ ပြေးချင်လို့ မဖြစ်နိုင်ဘူး၊ ကိုယ့်ကား မြတ်ကို မြတ်ရမယ်ဆိုရင်တော့ မထသ တုန်းကရခဲ့တဲ့ သင်ခန်းစာ ဖြစ် ပါတယ်၊ အများပိုင်ကုမ္ပဏီတွေထဲမှာလည်း အစိုးရက ၃၅ ဘီလျံ ထည့်ထားတဲ့ ကုမ္ပဏီကြီး နှစ်ခု ရှိပါတယ်၊ ဒီကုမ္ပဏီထဲပါတဲ့ ယာဉ် ပိုင်ရှင်တွေက ချက်ချင်းအမြတ်လိုချင်တာမျိုးမရပါဘူး၊ ကုမ္ပဏီတစ်ခု ရပ်တည်ဖို့အနည်းဆုံး သုံးနှစ် အမြတ်ငွေအများကြီး ထုတ်လို့မရပါ၊ ဆိုင်းငံ့ချိန်ပေးရမှာပါ၊ ဆိုင်းင့ံချိန် ပေးလို့ ငါတို့ထမင်းငတ်နိုင်ပါတယ်ဆိုရင် ပြန်သုံးသပ်ရပါလိမ့်မယ်၊ ယာဉ်လိုင်းတွေပြေးဆွဲမှုရဲ့ အရင်းကြေကာလအချိန် ငါးနှစ်ကနေ ရှစ်နှစ်လိုပါတယ်’’ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောသည်။

YBS စနစ်တွင် ပါဝင်သည့် ယာဉ်ပိုင်ရှင်များသည် အမြတ်ကို အဓိကမထားဘဲ အရင်းကျေကာလ တစ်ခုသတ်မှတ်ပြီး ပြေးဆွဲပေးမှသာ ပြည်သူကိုဝန်ဆောင်မှုပေးနိုင်မည်ဖြစ်သည်။ YBS စနစ်သည် လက်ရှိတွင် အများပိုင်းကုမ္ပဏီ ၁၈ ခုရှိပြီး ယာဉ်လိုင်းတစ်ရာ၊ ယာဉ် အစီးရေ ၄,၃ဝဝ ကျော်ဖြင့် ပြေးဆွဲ ပေးနေခြင်းဖြစ်သည်။
ြကည်ြပာ

LEAVE A REPLY

Please enter your comment!
Please enter your name here