YBS ခရီးသည်တင်ယာဉ်လိုင်းများတွင် ပါဝင်ပြေးဆွဲရန် ကနဦးမှတ်ပုံတင် ပြုလုပ်ထားသည့် ယာဉ် သုံးနှစ်အတွင်း အစီးရေ လေးထောင်ကျော်ရှိ

163

 

ရန်ကုန်၊ ဇွန် ၁၅
YBS ခရီးသည်တင်ယာဉ်လိုင်းများ တွင် ပါဝင်ပြေးဆွဲရန်အတွက် သုံးနှစ်အတွင်း ကနဦးမှတ်ပုံတင်ပြုလုပ် ထားသည့် ယာဉ်အစီးရေ လေးထောင် ကျော်ရှိကြောင်း ကနဦးမှတ်ပုံတင် ဌာန(ရွာသာကြီး)မှ သိရသည်။

ရန်ကုန်မြို့တွင်း ခရီးသည် တင်ယာဉ်လိုင်းများ ပြေးဆွဲခြင်းအတွက် ယခင် မထသစနစ်ကို ဖျက်သိမ်းပြီး ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှ ပြောင်းလဲတာဝန်ယူပြီး YBS စနစ်သစ်အဖြစ် စတင်ပြေးဆွဲချိန်မှ လက်ရှိအချိန်အထိ ခရီးသည်တင် ယာဉ်အဖြစ် ပြေးဆွဲရန် ကနဦးမှတ် ပုံတင် လာရောက်ပြုလုပ်ထားသည့် City Bus အစီးရေ လေးထောင် ကျော် ရှိကြောင်း ကနဦးမှတ်ပုံတင်ဌာန(ရွာသာကြီး)မှ သိရသည်။

“YBS မှာ ပြေးဆွဲဖို့ မှတ်ပုံ တင်လာလုပ်တဲ့ City Bus က သုံးနှစ်အတွင်း ၄,၂၇၆ စီးရှိတယ်၊ ၂ဝ၁၇ ခုနှစ်မှာ အစီးရေ အများဆုံးပါ ၂ဝ၂ဝ ပြည့်နှစ်၊ ဇွန်လမှာ တစ်စီးပဲ ရှိတယ်၊ Covid-19 ကြောင့် ပိတ်ပြီး ပြန်ဖွင့်တဲ့အချိန်မှာ ကနဦး လုပ်တဲ့ City တစ်စီးမှ မရှိသေး ပါဘူး”ဟု ကနဦးမှတ်ပုံတင်ဌာန (ရွာသာကြီး)မှ လက်ထောက်ညွန် ကြားရေးမှူး ဒေါ်နန်းအေးမြင့်က ပြောသည်။

YBS ယာဉ်လိုင်းများ အဆင့်မြှင့်တင်မှုအနေဖြင့် City Bus ယာဉ်အသစ်များဖြင့်သာ ပြေးဆွဲ နိုင်ရန် စီစဉ်လျက်ရှိပြီး ၂ဝ၁၇ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်၊ ဇွန် ၁၅ ရက်အထိ တိုင်းဒေသကြီးအစိုးရမှ ဝယ်ယူထားသည့် ဘတ်စ်အစီး တစ်ထောင်အပါအဝင် YBS ယာဉ်လိုင်းကုမ္ပဏီများမှ တင်သွင်းထားသည့် City Bus စုစုပေါင်း ၄,၂၇၆ စီး ကနဦးမှတ်ပုံတင်ပြုလုပ်ထားပြီး YBS ယာဉ်လိုင်းများအတွင်း ဝင်ရောက်ပြေးဆွဲနေပြီ ဖြစ်ကြောင်း YRTA မှ သိရသည်။
ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here