YBPC ကုမ္ပဏီက ရှယ်ယာခုနစ်ထောင်ကျော်ကို ပြန်လည်ဝယ်ယူမည်

103

 

ရန်ကုန်၊ သြဂုတ် ၅
ရန်ကုန် ဘတ်စ်ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီ YBPC တွင် ထည့်ဝင်ထားသော ရှယ်ယာရှင်များ ရှယ်ယာပြန်လည်ရောင်းချခြင်းအတွက် အဆိုပြုလွာကို သြဂုတ် ၃၁ ရက် နောက်ဆုံးထား လက်ခံပေးမည်ဖြစ်ကြောင်း သိရ သည်။

YBPC တွင် ထည့်ဝင်ထားသော အစုရှယ်ယာရှင်များအနေ ဖြင့် ပြန်လည်ရောင်းချလိုပါက မူရင်းတန်ဖိုး ရှယ်ယာတစ်စုကို တစ်သိန်းနှုန်းဖြင့် ရှယ်ယာ ၇,၄၅၃ စု ကို ပြန်လည်ဝယ်ယူပေးမည်ဖြစ်ကြောင်း YBPC ကုမ္ပဏီမှ သိရသည်။

“ရှယ်ယာ ပြန်ဝယ်ပေးတာက မနှစ်ကတည်းကပါ၊ မနှစ်က ပြန် ရောင်းတဲ့ အစုရှယ်ယာ သုံးထောင် ကျော်ရှိတယ်၊ အဓိကက အမြတ်ငွေ ပြန်ရရှိတဲ့ကာလ ကြာနေတဲ့အတွက် မစောင့်နိုင်လို့ ပြန်ရောင်းချင်တဲ့သူတွေကို ဝယ်ပေးတာပါ”ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမူ အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။

ရှယ်ယာတစ်စုမှ တစ်ထောင်စုအထိ ပိုင်ဆိုင်သော အစုရှယ်ယာများကို ရာခိုင်နှုန်းအလိုက် သတ်မှတ်ဝယ်ယူပေးမည်ဖြစ်ပြီး ၁ စုချင်းစီအလိုက် ၁၇၈ စု၊ နှစ်စုမှ ၁ဝ စုအတွက် ၅ဝ ရာခိုင်နှုန်းဖြစ်သည့် ၂,၅၄၄ စု၊ ၁၁ စုမှ ၅ဝ စု အထိ ၂၅ ရာခိုင်နှုန်း ၃,၁၁၁ စု၊ ၅၁ မှ တစ်ထောင်စုအထိကို ၁ဝ ရာခိုင်နှုန်းဖြစ်သည့် ၁,၆၂ဝ စု ပြန်လည်ဝယ်ယူပေးမည် ဖြစ်သည်။ ယင်းအတွက် လျှောက်လွာများကို သြဂုတ် ၅ ရက်မှ ၂၈ ရက်အထိ ထုတ်ပေးမည်ဖြစ်ပြီး လျှောက်လွာများကိုသြဂုတ် ၃၁ ရက် နောက် ဆုံးထား လက်ခံပေးမည်ဖြစ်ကြောင်း သိရသည်။
ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here