Yangon Water Bus ပြေးဆွဲမှုကို နိုဝင်ဘာလအတွင်း ပြန်လည်စတင်မည်

446

ရန်ကုန်၊ အောက်တိုဘာ
Yangon Water Bus ပြေးဆွဲမှု မှာ ယာယီရပ်နားထားခြင်း ဖြစ်ပြီး နိုဝင်ဘာလအတွင်း ပြန်လည်ပြေး ဆွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အများပြည်သူ သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

ရေယာဉ် အကြီးစားပျက်စီး မှုများကိုပြုပြင်ရန်၊ ဆိပ်ကမ်း ပျက် စီးမှုများ ပြုပြင်ရန်၊ ငမိုးရိပ်ချောင်း တစ်လျှောက် ပြေးဆွဲရန်အတွက် ရေယာဉ်အသစ်များ တင်သွင်းရန်၊ ငမိုးရိပ်ချောင်းတစ်လျှောက် ဆိပ် ကမ်းများ ဆောက်လုပ်ခွင့် ရရန်၊ သန်လျင်ဆိပ်ကမ်း ပြုပြင်ဆောက် လုပ်ရန်နှင့် ငွေပေးချေသည့် စနစ် သစ်အတွက် စက်များတပ်ဆင်ရန် စသည့်ကိစ္စရပ်များကြောင့် Yangon Water Bus ပြေးဆွဲခြင်းကို ခေတ္တရပ်နားခြင်း ဖြစ်သည်။

‘‘စက်တင်ဘာ ၂၇ ရက်က နေ အောက်တိုဘာ ၃ဝ ရက်အထိ Yangon Water Bus ခရီးစဉ် တွေကို ယာယီရပ်နားမှာ ဖြစ်ပါ တယ်၊ ဆိပ်ကမ်းပျက်စီးတာတွေ၊ ရေ ယာဉ်ပျက်စီးတာတွေနဲ့ ငွေပေး ချေတဲ့ စနစ်သစ် စတင်ဖို့ စီစဉ် နေပြီး နိုဝင်ဘာလထဲမှာတော့ ပြန် လည်ပြေးဆွဲမှာ ဖြစ်တယ်လို့ သိရ ပါတယ်’’ဟု ရန်ကုန်တိုင်းဒေသ ကြီး အများပြည်သူ သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

Yangon Water Bus ကို ၂ဝ၁၇ ခုနှစ်မှစ၍ ပြေးဆွဲခဲ့ပြီး ပြေးဆွဲမှု ပြန်လည်စတင်ရာတွင် ပြည်တွင်းထုတ်ယာဉ်များကို အသုံး မပြုတော့ဘဲ မလေးရှားနိုင်ငံထုတ် ရေယာဉ် ရှစ်စီးနှင့် သြစတြေးလျ နိုင်ငံထုတ် ရေယာဉ် သုံးစီးတို့ဖြင့် ပြန်လည် ပြေးဆွဲသွားမည်ဖြစ် ကြောင်း သိရသည်။
ဆန်းသစ်ေအာင်

LEAVE A REPLY

Please enter your comment!
Please enter your name here