Yangon Water Bus နှင့် ချိတ်ဆက်ပြေးဆွဲရန် YBS 20  ယာဉ်လိုင်း လမ်းကြောင်းပြောင်းလဲပြေးဆွဲ

1176

Yangon Water Bus နှင့် ချိတ်ဆက်ပြေးဆွဲရန် YBS 20  ယာဉ်လိုင်း လမ်းကြောင်းပြောင်းလဲပြေးဆွဲ

 

Yangon Water Bus   နှင့် ချိတ်ဆက်ပြေးဆွဲရန်အတွက် YBS 20 ယာဉ်လိုင်းဂိတ်ကို ယခင် သခင်မြပန်းခြံမှ ဗိုလ်တထောင်ကမ်းနားလမ်း သို့ ပြောင်းရွှေ့ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

 

YBS 20 ယာဉ်လိုင်းကို ယခင် လှိုင်သာယာမှ သခင်မြပန်းခြံသို့ ပြေးဆွဲပေးခဲ့ရာမှ Yangon Water Bus နှင့် ချိတ်ဆက်ပြေးဆွဲရန် ဗိုလ်တထောင်ကမ်းနားသို့ ပြောင်းရွှေ့၍ ဗိုလ်တထောင်မှ လှိုင်သာယာ ခရီးစဉ်အဖြစ် ပြောင်းလဲပြေးဆွဲပေးနေခြင်းဖြစ်သည်။ ယင်းသို့ ခရီးစဉ်တိုး ချဲ့ပြေးဆွဲရခြင်းမှာ ယုဇနပလာဇာ၊ တာမွေမြို့နယ်ဘက်သို့သွားမည့် Water Bus စီးနင်းသည့်ခရီးသည်များ အဆင်ပြေစေရန်အတွက်    ပြောင်းလဲပြေးဆွဲခြင်းဖြစ်ကြောင်း Omini Focus ကုမ္ပဏီမှ သိရသည်။

 

”ဗိုလ်တထောင်ဆိပ်ကမ်းအထိ စီးတဲ့ Water Bus ခရီးသည်တွေ အဆင်ပြေဖို့အတွက်  YBS 20 လမ်းကြောင်းကို အခုလို ပြောင်းလဲ ပြေးဆွဲတာဖြစ်သလို မြို့ပတ်ယာဉ်လိုင်းအတွင်းမှာ ပြေးဆွဲတာကိုလည်း လျှော့ချနိုင်ဖို့အတွက် ပြောင်းလဲပြေးဆွဲရခြင်း ဖြစ်ပါတယ်”ဟု YBS 20 ယာဉ်လိုင်းကို တာဝန်ယူပြေးဆွဲနေသည့် Omini Focus ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ယုဇနပလာဇာနှင့် တာမွေမြို့နယ်သို့ စီးနင်းမည့် Water Bus ခရီးသည်များ အဆင်ပြေစေရန်နှင့် မြို့တွင်းပတ်ယာဉ်လိုင်းများအတွင်း ပြေးဆွဲနေသည့် ယာဉ်လိုင်းများ လျှော့ချရန်အတွက် ယင်းသို့ ယာဉ် လမ်းကြောင်း ပြောင်းလဲပြေးဆွဲရခြင်းဖြစ်ပြီး YBS 20 ယာဉ်လိုင်းမှာ လှိုင်သာယာ-သီရိဂင်္လာစျေးသစ်-ဗဟိုစံပြငါးစျေး-မြေနီကုန်း-ရွှေဂုံ တိုင်-တာမွေ-ယုဇနပလာဇာ-ဗိုလ်တထောင်ကမ်းနားလမ်းသို့ ပြေးဆွဲ ပေးနေခြင်းဖြစ်သည်။ Yangon Water Bus  ပြေးဆွဲနေသည့် ဗိုလ်တထောင်ဆိပ်ကမ်းအနီးရှိ ဗိုလ်တထောင်ဘုရား ကားမှတ်တိုင်တွင် YBS 20 ၊ 24 ၊ 26 ၊ 58 ကားများရောက်ရှိကြောင်း သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here