Yangon Water Bus ကို ယခုလ ကုန်တွင် ကနဦးခရီးစဉ် ပြေးဆွဲရန် ဆောင်ရွက်နေကြောင်း တင့်တင့်မြန်မာ ကုမ္ပဏီမှ သိရသည်။
Yangon Water Bus ပြေးဆွဲခြင်းကို ကနဦးအနေဖြင့် အင်းစိန်မှ ဗိုလ်တထောင်ခရီးစဉ် ပြေးဆွဲရန် စီစဉ် ထားပြီး သြစတြေးလျနိုင်ငံမှ မှာ ယူတင်သွင်းမည့် ခရီးသည် ၂၅ဝ ဆံ့ရေယာဉ် သုံးစီးထဲမှ နှစ်စီးမှာ သြဂုတ် ၁၅ ရက်တွင် ရန်ကုန်သို့ ရောက်ရှိခဲ့ပြီး သြစတြေးလျနိုင်ငံမှကျန်ရှိသည့် ရေယာဉ်နှင့် ထိုင်းနိုင်ငံတွင် တည်ဆောက်နေသည့် ရေယာဉ်တို့မှာ သြဂုတ်လ တတိယပတ်တွင် ထပ်မံရောက်ရှိမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီမှ သိရသည်။
”ကနဦးခရီးစဉ်အနေနဲ့ အင်း စိန်ကနေ ဗိုလ်တထောင်ကို သြစတြေးလျက ရေယာဉ်သုံးစင်း၊ ထိုင်းနိုင်ငံမှာ ဆောက်နေတဲ့ ရေယာဉ်သုံးစင်းနဲ့ ရန်ကုန်မြို့နဝရတ်မှာ ဆောက်လုပ်တဲ့ ရေယာဉ် ခုနစ်စင်း စုစုပေါင်း ၁၃ စင်းနဲ့ ပြေးဆွဲဖို့ စီစဉ်ထားပါတယ်၊ ဒီလထဲအကုန်ရောက်မှာပါ၊ ရောက်တာနဲ့ တစ်ပတ်လောက် စမ်းသပ်မောင်းနှင်ပြီးတာနဲ့ ပြေးဆွဲ မှုကို စတင်မှာ ဖြစ်ပါတယ်” ဟု ‘တင့်တင့်မြန်မာကုမ္ပဏီ’ CEO ဒေါ်တင့်တင့်လွင်က ပြောသည်။
Yangon Water Bus ပြေးဆွဲခြင်း ကနဦးအနေဖြင့် အင်းစိန်မှ ဗိုလ်တထောင်ခရီးစဉ်ကို သြစတြေးလျနိုင်ငံမှ မှာယူတင်သွင်းမည့် ခရီးသည် ၂၅ဝ ဆံ့ ရေယာဉ် သုံးစင်း၊ ထိုင်းနိုင်ငံတွင် တည်ဆောက်နေသည့် ခရီးသည် ခြောက်ဆယ်ဆံ့ ရေယာဉ်သုံးစင်းနှင့် ရန်ကုန်မြို့ရှိ နဝရတ်တွင် သြစတြေးလျမှ တည်ဆောက်ရေးပညာရှင်များဖြင့် တည်ဆောက်မည့် ခရီးသည် ၁၅ဝ ဆံ့ ရေယာဉ် ခုနစ်စင်းတို့ဖြင့် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။ Yangon Water Bus စီးနင်းခကို ခရီးစဉ် အစ/အဆုံး တစ်ကြိမ်အတွက် ကျပ်သုံးရာ သတ်မှတ်ထားပြီး ထိုရေယာဉ် စီးနင်းခတွင် ခရီးသည်အတွက် အသက်အာမခံကြေး ထည့်သွင်းထားပြီး ဖြစ်ကြောင်းသိရသည်။ ကြည်ပြာ