Yangon Payment Service (YPS) ကတ် သုံးသောင်းခွဲကို ယခုလကုန်တွင် အခမဲ့ဖြန့်ဝေပေးမည်

372

ရန်ကုန်၊ နိုဝင်ဘာ
YBS ယာဉ်စီးခပေးချေနိုင်မည့် Yangon Payment Service (YPS) ကတ်သုံးသောင်းခွဲကို ယခုလကုန် တွင် အခမဲ့ဖြန့်ဝေပေးမည်ဖြစ် ကြောင်း သိရသည်။

အခမဲ့ဖြန့်ဝေပေးပြီးနောက် ဒီဇင်ဘာလအတွင်း ကတ်တစ်ခု လျှင် ကျပ်နှစ်ထောင်နှုန်းဖြင့် စတင် ရောင်းချရန် စီစဉ်နေပြီး ကတ်ထဲ တွင် အနည်းဆုံးငွေကျပ် တစ် ထောင်မှ ငါးသောင်းအထိ ဖြည့် သွင်းနိုင်မည် ဖြစ်သည်။

“YBS ကတ်ကို ဒီလကုန်ပိုင်းမှာ ပြည်သူတွေဆီ အရောက် ဖြန့်မှာပါ၊ ကတ်သုံးသောင်းခွဲကို အခမဲ့ဖြန့်ဝေဖို့ စီစဉ်နေပါတယ်၊ ရောင်းချတာကတော့ ဒီဇင်ဘာလ ထဲမှာ စမယ်၊ အစပိုင်းမှာ g&g ဆိုင် တွေနဲ့ Payment Service Centre တွေမှာပဲ ရောင်းချပေးမှာပါ၊ နောက်ပိုင်းမှာတော့ နေရာအတော် များများမှာ ဝယ်ယူလို့ရဖို့အတွက် စီစဉ်မှာဖြစ်ပါတယ်”ဟု YRTA မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

YBS ယာဉ်စီးခကတ်များကို ဆူးလေ၊ သမိုင်းလမ်းဆုံနှင့် တာ မွေမြို့နယ်တို့တွင် Service Centre များဖွင့်လှစ်ကာ ရောင်းချမည် ဖြစ်ပြီး အများပြည်သူများ လက် လှမ်းမီ အလွယ်တကူရရှိရန် YBS ကားမှတ်တိုင်များနှင့် နီးစပ်ရာ g&g ဆိုင်များတွင်လည်း ရောင်းချ ပေးမည် ဖြစ်သည်။

ကတ်စနစ်စတင်ချိန်တွင် ယာဉ် အစီး ၁,၅ဝဝ ၌ တပ်ဆင်ရန်အတွက် ငွေပေးချေစက်များ ရောက်ရှိနေပြီ ဖြစ်သည်။ ငွေပေးချေသည့်စနစ် ထည့်သွင်းရန် ယာဉ်စီးခနှုန်းထား များကို ရန်ကုန်တိုင်းဒေသကြီးအ များ ပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ နှင့် ယာဉ်လိုင်းကုမ္ပဏီများဆွေးနွေး မှုလုပ်ဆောင်နေဆဲ ဖြစ်သည်။

Yangon Payment Service စနစ်ဖော်ဆောင်ရန်အတွက် ၂ဝ၁၈ ခုနှစ်၊ မတ် ၁၂ ရက်ကAsia Starmar Transport Intelligent Company နှင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ သဘော တူလက်မှတ် ရေးထိုးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ြကည်ြပာ

LEAVE A REPLY

Please enter your comment!
Please enter your name here