Yangon Payment Service ကတ်စနစ်အတွက် ယာဉ်လိုင်းကုမ္ပဏီ လေးခုတွင် ၁၈ ရက်အတွင်း စက်များအပြီးသတ်တပ်ဆင်မည်

245

ရန်ကုန်၊ နိုဝင်ဘာ
Yangon Payment Service ကတ်စနစ်အတွက် ယာဉ်လိုင်းကုမ္ပ ဏီ လေးခုတွင် ၁၈ ရက်အတွင်း စက်များ အပြီးသတ် တပ်ဆင်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင် ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာ ပိုင်အဖွဲ့မှ သိရသည်။

Yangon Payment Service ကို ယာဉ်လိုင်းကုမ္ပဏီ လေးခုမှ ယာဉ်အစီး ၁,၅ဝဝ တွင် စတင် ကျင့်သုံးမည်ဖြစ်ပြီး စတင်တပ်ဆင် မည့်အချိန်မှစ၍ ၁၈ ရက်အတွင်း အပြီးတပ်ဆင်မည် ဖြစ်သည်။

‘‘ကတ်စနစ်အတွက် စက် တွေကို ဒီလထဲ စတင်တပ်ဆင်မှာ ပါ၊ ယာဉ်အစီး ၁,၅ဝဝ နဲ့ စတင် ကျင့်သုံးမှာဖြစ်ပြီး စက်တွေကို ၁၈ ရက်အတွင်း အပြီးတပ်ဆင်မှာ ဖြစ် ပါတယ်’’ဟု ရန်ကုန်တိုင်းဒေသ ကြီး အများပြည်သူ သယ်ယူပို့ ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာ ဏာပိုင်အဖွဲ့ တွဲဖက်အတွင်းရေး မှူး ဦးလှအောင်က ပြောသည်။

ကတ်ဖြင့် ယာဉ်စီးခ ပေးချေ သည့်စနစ်(Yangon Payment Service)ကို YUPT ကုမ္ပဏီမှ အစီး ငါးရာ၊ YBPC ကုမ္ပဏီမှ အစီး ငါးရာ၊ ဗန္ဓုလ သယ်ယူပို့ ဆောင်ရေး ယာဉ်လိုင်းကုမ္ပဏီမှ အစီး သုံးရာ၊ ရွေတောင်ပိုင်းယာဉ် လိုင်းကုမ္ပဏီမှ အစီး နှစ်ရာတွင် စတင်တပ်ဆင် ပြေးဆွဲမည် ဖြစ်သည်။

ထိုစနစ်ဖြင့် ယာဉ်စီးခပေး ချေရာတွင် ကတ်ကို ယာဉ်ပေါ်အ တက်တစ်ခါ အဆင်းတစ်ခါ ဖြတ် ရမည်ဖြစ်ပြီး စီးနင်းသည့် ခရီးစဉ် အလိုက်သာ ယာဉ်စီးခ ကျသင့်မည် ဖြစ်သည်။ Yangon Payment Service စနစ်ကို ရန်ကုန်တိုင်း ဒေသကြီး အများပြည်သူ သယ် ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)၊ ASIA Starmar Transport Intelligent ကုမ္ပဏီနှင့် YBS ယာဉ်လိုင်း ကုမ္ပ ဏီများ ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။
ြကည်ြပာ

LEAVE A REPLY

Please enter your comment!
Please enter your name here