YAMAHA QBIX  ဆိုင်ကယ်များ   ပြည်တွင်းစျေးကွက်အတွင်း   စတင်ဖြန့်ချိ

1869

ထိုင်း YAHAMA စက်ရုံထုတ် ၂ဝ၁၇ မိုဒယ် ဒီဇိုင်းသစ်အမျိုးအစား QBIX ဆိုင်ကယ်များကို သြဂုတ်လ တတိယပတ်မှစ၍ မန္တလေးမြို့ အပါအဝင်ပြည်တွင်းစျေးကွက်၌ စတင် ဖြန့်ချိလိုက်ကြောင်း သိရသည်။

 

” QBIX ဆိုင်ကယ်က ထိုင်း YAMAHA ကနေ အခုမှ စထုတ်လိုက်လို့ ပြည်တွင်းကို စတင်သွင်း တာပါ၊ Auto ဘီးအမျိုးအစားကိုမှ 125 CC နဲ့ထုတ်လုပ်ထားတာဖြစ်သလို ရိုးရိုးသော့နဲ့ Smart-key ဆိုပြီး နှစ်မျိုးထုတ်လုပ်ထားတယ်၊ Smart-key မှာဆို ABS စနစ်ပါတယ်၊ သူ့ရဲ့ အားသာချက်က အင်ဂျင်ရုန်းအား၊ ဆွဲအားကောင်းတယ်၊ Tool Box ကျယ်တဲ့အပြင် ညအချိန် Tool Box ထဲ ပစ္စည်းတစ်ခုခု အထည့်/အသွင်း လုပ်ရင် အဆင်ပြေအောင်က LED မီးကအစ တပ်ပေးထားတယ်၊ ဘရိတ်က Combine ဘရိတ်နဲ့ဆိုတော့ စီးတဲ့သူတွေအတွက် Safety ပိုဖြစ်တာပေါ့”ဟု အဆိုပါ YAMAHA QBIX Brand New ဆိုင်ကယ်များကို ပြည်တွင်းသို့ ပထမဦးဆုံး တင်သွင်းလာသည့်  ‘ JIAFA Trading ကုမ္ပဏီ’ မန်နေဂျာ ဦးဝင်းနိုင်က ပြောသည်။

 

အဆိုပါ YAMAHA QBIX ဆိုင်ကယ်များတွင် ခွေကို ဒလက်ခွေဖြင့်သာ ထုတ်လုပ်ထားပြီး QBIX  ရိုရိုး၊ QBIX S ၊ QBIX Smart-key ဟူ၍ အမျိုးအစား သုံးမျိုးထွက်ရှိကာ နက်ရွှေ၊ နက်နီ၊ All Black ၊ ဖြူနက်၊ ဖြူခဲ စသော အရောင်များ ဖြင့်ထွက်ရှိထားကြောင်း၊ တာယာ ကို ဆိုက်ကြီး Tubless တာယာ ဖြင့် ထုတ်လုပ်ထားသည့်အပြင် ရှေ့ရင်အုပ်တွင် LED Sidelight မီးနှင့် ကိုယ်ထည်တွင် Modified ပြုလုပ်နိုင်သည့် နေရာငယ်လေး များ ပါရှိသည့်အတွက် ဆိုင်ကယ် ချစ်သူများ အကြိုက်တွေ့စေမည် ဖြစ်ကြောင်း JIAFA Trading ကုမ္ပဏီမှ သိရသည်။

 

”ရှေ့ခွေမှာဆိုရင် ဒရမ်ပြား က နှစ်ထပ်တပ်ပေးထားတော့ ဘရိတ်ကြိုး၊ Mileage ကြိုး တပ်ဆင်တာမှာ ပိုသေသပ်တာပေါ့၊ ပြီးတော့ ဒိုင်ခွက်ဆိုလည်း Digital ဒိုင်ခွက် သုံးထားတဲ့အပြင် ရှေ့မှာ လည်း Tool Box အသေးလေးပါ တယ်၊ ဖုန်းအားသွင်းဖို့ USB ပေါက်ပါတယ်၊ အင်ဂျင်သံကလည်း စက်သံညက်ပြီး အရင်ဘီးတွေထက် အတော်လေး သေသပ်မှုရှိအောင် ထုတ်လုပ်ထားတာ တွေ့ရတယ်”ဟု ဦးဝင်းနိုင်က ထပ်မံရှင်းပြသည်။

 

အဆိုပါ YAMAHA QBIX ဆိုင်ကယ်ကို အင်ဂျင် တစ်နှစ်အာမ ခံပေးထားပြီး သြဂုတ်လ တတိယ ပတ် စတင်သွင်းချိန်တွင် QBIX ရိုးရိုး ကျပ်၂,၆ဝဝ,ဝဝဝ၊ QBIX S ကျပ် ၂,၇၅ဝ,ဝဝဝ၊ Smart-Key ပါ QBIX  ကျပ် ၂,၉၅ဝ,ဝဝဝ စသည့် စျေးနှုန်းများဖြင့် ရောင်းချ လျက်ရှိကြောင်း သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here