YAMAHA ဆိုင်ကယ်မှ သူတစ်ပါး ထိခိုက်မှုအာမခံလုပ်ဆောင်ပေး၍ YAMAHA Touring ကိုလည်း တစ်လတစ်ကြိမ်ပြုလုပ်မည်

1008

မန္တလေး၊ဧပြီ

YAMAHA ဆိုင်ကယ်စီးနေသူများကို သူတစ်ပါးထိခိုက်မှုအာမခံလုပ်ဆောင်ပေးပြီး စည်းစည်းလုံးလုံးဖြစ်စေမည့်  YAMAHA Touring အစီအစဉ်ကို ကုမ္ပဏီမှ ဦးဆောင်ပြီး တစ်လတစ်ကြိမ်ပြုလုပ်သွားမည်ဟု သိရသည်။

”ပြီးခဲ့တဲ့ အပတ်ထဲမှာပထမဦးဆုံးအကြိမ်အဖြစ် YAMAHA ဆိုင်ကယ်ချစ်သူတွေကို ဖိတ်ခေါ် ပြီး မန္တလေး-ပြင်ဦးလွင် သွားတဲ့လမ်းက ၆ မိုင် ချောင်းသာကို Trip ထွက်ဖြစ်ကြတယ်၊အဲဒီခရီးစဉ်မှာ ပါဝင်တဲ့ YAMAHA ဆိုင်ကယ်စီးသူတွေအကုန်လုံးကို ကုမ္ပဏီက အကုန်အကျခံပြီး သူတစ်ပါးထိခိုက်မှုအာမခံ သုံးလစာ လုပ်ပေးခဲ့တယ်၊ သူတစ်ပါးထိခိုက်မှုအာမခံက ဆိုင်ကယ်စီးသူတိုင်းအတွက် Accident တစ်ခုခုဖြစ်ရင်အများကြီးအထောက်အကူဖြစ်စေတယ်၊ အဓိကတော့ YAMAHA ဆိုင်ကယ်စီးတဲ့သူတွေကို ဘေးအန္တရာယ်တစ်ခုခုဖြစ်ရင် အကာအကွယ်ရအောင် YAMAHA ဆိုင်ကယ်စီးသူတွေအားလုံး ညီညီ ညွတ်ညွတ်နဲ့ စည်းစည်းလုံးလုံးဖြစ်အောင်အခုလိုအုပ်စုဖွဲ့ဆိုင်ကယ်စီးတဲ့ခရီးစဉ်ကို စီစဉ်ဖြစ်တယ်၊ မတ်လထဲမှာ ပထမဦးဆုံးအကြိမ်စလုပ်ပြီးပြီဆိုတော့ ဧပြီလကစပြီး YAMAHA Touring ခရီးစဉ်ကို တစ်လတစ်ကြိမ်စီစဉ်ပေးသွားမယ်”ဟု YAMAHA ဆိုင်ကယ်ကုမ္ပဏီမှ မန်နေဂျာ ဦးဥာဏ်လင်းက ပြော သည်။

YAMAHA ဆိုင်ကယ်အစီးရေ ၆ဝ ကျော်စုစည်း၍ မန္တလေးမြို့တွင်းနှင့် ၆ မိုင်ချောင်းသာသို့အလှပြစီးနင်းသွားလာမှုကို YAMAHA ကုမ္ပဏီက ဦးဆောင်၍ ပြီးခဲ့သည့် မတ်လစတုတ္ထပတ်အတွင်းက YAMAHA Touring အစီအစဉ်လုပ်ဆောင်ခဲ့ပြီး ဧပြီလကုန် ပိုင်းမှစတင်၍ တစ်လတစ်ကြိမ် ပုံမှန်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် လိုက်ပါလိုသူ YAMAHA ဆိုင်ကယ်ချစ်သူများကိုလည်း သူတစ်ပါးထိခိုက်မှု အာမခံလုပ်ဆောင်ပေးမှုအပြင် ဆိုင်ကယ်လက်ခမဲ့ပြုပြင်ပေးခြင်း၊ အင်ဂျင်ဝိုင်အခမဲ့ထည့်ပေးခြင်း၊ ဆိုင်ကယ်ဆီထည့်ပေးခြင်း၊နှစ်သောင်းတန် ကူပွန်ဘောင်ချာလက်ဆောင်ပေးခြင်းစသော အထူးခံစားခွင့်များပါ ပေးအပ်သွားမည်ဖြစ်ကြောင်း YAMAHA ဆိုင်ကယ်ကုမ္ပဏီမှ သိရသည်။

ပြီးခဲ့သည့် မတ်လစတုတ္ထပတ်အတွင်းက ပထမဦးဆုံးအကြိမ် ပြုလုပ်ခဲ့သော မန္တလေး-၆ မိုင် ချောင်းသာ YAMAHA Touring ခရီးစဉ်တွင် YAMAHA ၏ ၂ဝ၁၈ မိုဒယ် ဒီဇိုင်းသစ် Janus 125 , Yamaha NVS စသော ဆိုင်ကယ်များပါ မိတ်ဆက်ပြသ၍ Test Drive အစီအစဉ်ပါ ထည့်သွင်းခဲ့ကြောင်း သိရသည်။

 

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here