Wheel Chair အသုံးပြုသူကိုယ်တိုင် မောင်းနှင်နိုင်တဲ့ကားတွေအကြောင်းတစေ့တစောင်း

1242

မော်တော်ကားထုတ်လုပ်ရောင်းချသူတွေဟာ ၁၉၅ဝ ပြည့်လွန်နှစ်တွေကစလို့ အရွယ်အစားသေးငယ်တဲ့ ကားအမျိုးမျိုးကို ထုတ်လုပ်လာကြပါတယ်။ အဲဒီကားလေးတွေထဲမှာ ကိုယ်လက်အဂင်ါ္မသန်စွမ်းမှု၊ ဒါမှမဟုတ် ကျန်းမာရေးကြောင့် ဝှီးချဲ(Wheel Chair) အသုံးပြုနေရသူတွေအတွက် ကားပေါ်ကို ဝှီးချဲနဲ့တက်ပြီး မောင်းနှင်နိုင်အောင် အထူးဖန်တီးဒီဇိုင်းထွင်ထားတဲ့ကားတွေလည်း ပါဝင်ပါတယ်။ အဲဒီလိုကားတွေဟာ ဝှီးချဲပေါ်ကနေပဲ မောင်းနှင်နိုင်ပြီး ကားမောင်းသူထိုင်ခုံပါဝင်တဲ့ သမားရိုးကျကားတွေနဲ့ အတော်လေးထူးခြားကွဲပြားပါတယ်။

ဝှီးချဲအသုံးပြုသူတွေအတွက် မော်တော်ကားတွေကို ထုတ်လုပ်တဲ့ ကားထုတ်လုပ်သူတွေထဲမှာ အဂင်္လန်နိုင်ငံ က AC Cars ၊ အနောက်ဂျာမနီက Fend ၊ အရှေ့ဂျာမနီက Simson DUO ၊ ဆိုဗီယက်ပြည်ထောင်စုက SMZ နဲ့ ချက်ကိုဆလိုဗက်ကီးယားနိုင်ငံက Velorex တို့ ပါဝင်ပါတယ်။ ယူကေမှာတော့ ၁၉၆ဝ နဲ့ ၁၉၇ဝ ပြည့်လွန်နှစ်တွေဝန်းကျင်က ထုတ်လုပ် စျေးကွက်တင်ခဲ့တဲ့ Invacar ဟာ ကိုယ်ကာယပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိသူတွေအတွက် အထူးဒီဇိုင်းထွင်ထားတဲ့ စျေးချိုချိုနဲ့ ပြုပြင်ထိန်းသိမ်းစရိတ်သက်သာတဲ့ ကားမိုဒယ်တစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒီကားတွေမှာ ဘီးသုံးဘီးသာရှိပြီး အတော်လေးပေါ့ပါးလှတာကြောင့် ယာဉ်ကြော ရှုပ်ထွေးတဲ့ လမ်းမတွေပေါ်မှာ လုံခြုံမှုအတွက် စိုးရိမ်ရတဲ့ယာဉ်တွေအဖြစ် သတ်မှတ်ထားကြပါတယ်။ အဲဒီကားလေးတွေကို ထုတ်လုပ်မှုရပ်ဆိုင်းခဲ့ပြီးနောက် ၂၇ နှစ်အကြာ ၂ဝဝ၃ ခုနှစ်မှာ လမ်းပေါ် မတွေ့ရတော့ပေမဲ့ ကားတချို့ကတော့ လက်ရှိအချိန်အထိ ကျန်ရှိနေပါသေးတယ်။ နောက်ဆုံးထုတ်လုပ်ခဲ့တဲ့ကားတွေထဲက တစ်စီးဖြစ်တဲ့ ၁၉၇၆ ခုနှစ်ထုတ် ကားနမူနာ တစ်စီးကို ဟမ်ရှိုင်းယားက အမျိုးသား ကားပြတိုက် (National Motor Museum) မှာ ခင်းကျင်းပြသထားပါတယ်။

လက်ရှိအချိန်အထိ ကမ္ဘာမှာ ဝှီးချဲအသုံးပြုသူတွေမောင်းနှင်နိုင်မယ့် ကားမိုဒယ်အတော်များများကို ထုတ်လုပ်စျေးကွက်တင်နေဆဲဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Riverside အခြေစိုက် Chairiot Mobility Inc., က ထုတ်လုပ်တဲ့ Chairiot solo ကားတွေကို မြောက်အမေရိကမှာ ထုတ်လုပ်ရောင်းချပါတယ်။ အဲဒီ ကားတွေဟာ နှေးကွေးတဲ့ ဘက်ထရီသုံး လျှပ်စစ်ကားငယ်တွေဖြစ်ပြီး ဝှီးချဲအသုံးပြုသူတွေအနေနဲ့ ဝှီးချဲကိုပါ ကားပေါ်တွန်းဝင်နိုင်အောင် အရွယ်အစားကြီးမားတဲ့ ကားအနောက်ဘက်တံခါးတွေ ပါဝင်ပါတယ်။ နောက်ထပ် ကားတစ်စီးကတော့ ဒတ်ချ် ကားထုတ်လုပ်ရေးလုပ်ငန်း Waaijenberg က ထုတ်လုပ်ခဲ့တဲ့ Inrij-Canta ဖြစ်ပါတယ်။ ဟန်ဂေရီ နိုင်ငံကနေ အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်ကို ရွှေ့ပြောင်းလာတဲ့ Istvan Kissaroslaki ဆိုသူ ဒီဇိုင်းထွင်ဖန်တီးခဲ့တဲ့ Kenguru ကားကတော့ ပြည်တွင်းသုံးဖို့ ရည်ရွယ်ထားတဲ့ လျှပ်စစ်ကားငယ်ဖြစ်ပြီး ၂ဝ၁၇ ခုနှစ်အထိ ပြီးပြည့်စုံတဲ့ ထုတ်လုပ်မှုအဆင့်ကို မရောက်ရှိသေးပါဘူး။ ချက်ကားကုမ္ပဏီ ZLKL က ဖန်တီးထုတ်လုပ်လိုက်တဲ့ Elbee ကားလေးကတော့ မြေမရွေးသွားနိုင်ပြီး ဝှီးချဲအဝင်/အထွက်ပြုလုပ်ဖို့ ကားရှေ့မှာ တံခါးတပ်ဆင်ထားတာကြောင့် တခြားကားတွေနဲ့မတူဘဲ တစ်မူထူးခြားပါတယ်။ ဒါ့ပြင် ဝှီးချဲအသုံးပြုသူတွေကိုယ်တိုင် မောင်းနှင်အသုံးပြုဖို့ ထုတ်လုပ်ထားတဲ့ ကားအတော်များများဟာ တစ်ယောက်ပဲစီးနင်းနိုင်တဲ့ ကားတွေဖြစ်ပေမဲ့ Elbee ကတော့ ကားအနောက်ဘက်မှာ လူပိုတစ်ယောက် တင်ဆောင်နိုင်တဲ့ ထိုင်ခုံတစ်လုံး ပါဝင်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here