We Love Mandalay အဖွဲ့က ဦးဆောင်၍ NLD ကားနှင့် သုံးဘီးဆိုင်ကယ် စတစ်ကာအလှဆင်ပြိုင်ပွဲတွင် ဆုရရှိခဲ့သူများအား ဆုချီးမြှင့်ပေးအပ်ပွဲ ကျင်းပ

170

ပထမဆု ရရှိခဲ့သည့်ကားကို တွေ့ရစဉ်

မန္တ​လေး၊ ​အောက်တိုဘာ ၂၆

မန္တလေးမြို့တွင် We Love Mandalay အဖွဲ့က ဦးဆောင်၍ NLD ကားနှင့် သုံးဘီးဆိုင်ကယ် စတစ်ကာအလှဆင်ပြိုင်ပွဲကို အောက်တိုဘာလ တတိယပတ်အတွင်း ကျင်းပခဲ့ပြီး ပြိုင်ပွဲ၀င်များထဲမှ အလှဆုံးနှင့် ပရိသတ်အကြိုက်ဆုံးဆုများကို စိစစ်ရွေးချယ်ခဲ့ရာ အောက်တိုဘာ ၂၅ ရက်က ဆုရရှိသူများအား ဆုပေးအပ်သည့်အခမ်းအနားကို မန္တလေးမြို့ နန်းမြို့ရိုး ကျုံးတောင်ဘက် ၂၆ လမ်း၊ လမ်း ၇၀ နှင့် ၇၁ လမ်းကြားတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲအနက် NLD ကားစတစ်ကာပြိုင်ပွဲကို အောက်တိုဘာ ၂၀ ရက်က ကျင်းပခဲ့ပြီး ပြိုင်ပွဲ၀င်ကားအစီးရေ ၂၇၀ ကျော် ရှိခဲ့ကာ NLD သုံးဘီးစတစ်ကာအလှပြိုင်ပွဲတွင် ပြိုင်ပွဲ၀င် သုံးဘီးဆိုင်ကယ်အစီးရေ ကိုးဆယ်ကျော် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အောက်တိုဘာ ၂၅ ရက်၌ တစ်ပေါင်းတည်း စုစည်း၍ ဆုအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ခြင်းလည်းဖြစ်သည်။
ပထမဆုရရှိခဲ့သည့် သုံးဘီးဆိုင်ကယ်အား တွေ့ရစဉ်။

NLD ကားစတစ်ကာ အလှဆင်ပြိုင်ပွဲတွင် ပထမဆုရရှိသူကို ကျပ် ၁၀ သိန်း၊ ဒုတိယဆုရရှိသူကို ကျပ် ငါးသိန်း၊ တတိယဆုရရှိသူကို ကျပ် သုံးသိန်း ပေးအပ်ချီးမြှင့်ခဲ့ပြီး နှစ်သိမ့်ဆုကိုလည်း ဆုပေါင်း နှစ်ဆယ်အထိ ပေးအပ်ခဲ့သည့်အပြင် Like အရေအတွက်အပေါ်မူတည်၍ ပရိသတ်အကြိုက်ဆုံးဆုကိုပါ ထည့်သွင်းချီးမြှင့်ပေးခဲ့သည်။

ထို့ပြင် သုံးဘီးဆိုင်ကယ်များ NLD စတစ်ကာ အလှဆင်ပြိုင်ပွဲတွင်လည်း ပြိုင်ပွဲ၀င်သုံးဘီးဆိုင်ကယ်စီးရေ ကိုးဆယ်ကျော်အနက် ပထမဆုရရှိသူကို ကျပ် သုံးသိန်း၊ ဒုတိယဆုရရှိသူကို ကျပ် နှစ်သိန်း၊ တတိယဆုရရှိသူကို ကျပ် တစ်သိန်းတို့ ချီးမြှင့်ပေးအပ်ခဲ့ပြီး အထူးနှစ်သိမ့်ဆု နှစ်ဆယ်ကိုလည်း ချီးမြှင့်ပေးအပ်ခဲ့ကြောင်း ဦးဆောင်ကျင်းပသည့် We Love Mandalay အဖွဲ့မှ သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here