Water Bus  ဒုတိယခရီးစဉ်ပြေးဆွဲ ရန်အတွက် လေ့လာဆန်းစစ်မှု ပြုလုပ်နေသည့် အဆင့်သာရှိသေး

650

ရန်ကုန်၊ ဧပြီ

Water Bus လမ်းကြောင်းသစ် ခရီးစဉ်နှစ်ခုပြေးဆွဲရန်  ဆိပ်ကမ်းတည်ဆောက်မှုအတွက် လေ့လာမှုများပြုလုပ်သည့် အဆင့်သာရှိသေးကြောင်း တင့်တင့်မြန်မာ ကုမ္ပဏီမှ သိရသည်။

Water Bus  ခရီးစဉ်နှစ်ခုကို မတ်လအတွင်း ပြေးဆွဲရန် လျာထားခဲ့သော်လည်း ဆိပ်ကမ်းများ စနစ်တကျတည်ဆောက်ရန်နှင့် ဌာနဆိုင်ရာများထံ တင်ပြမှုများ ပြုလုပ်နေရသည့်အတွက် ဧပြီလကုန်အထိ ပြေးဆွဲနိုင်ခြင်းမရှိသေးကြောင်း သိရသည်။ ဗိုလ်တထောင်ဆိပ်ကမ်းကို အခြေပြု ပြေးဆွဲမည့်ခရီးစဉ်နှင့် သန်လျင်စီးတီးစတားခရီးစဉ်အတွက် ဆိပ်ကမ်း ၁၂ ခုလျာထားပြီးဖြစ်သော်လည်း ပြည်သူများ အဆင်ပြေစေရန်နှင့် ဆိပ်ကမ်းတည်ဆောက်မှု စနစ်တကျဖြစ်စေရန်အတွက် လေ့လာဆန်းစစ်မှု ပြုလုပ်နေသည့်အဆင့် သာရှိသေးကြောင်း သိရသည်။

”လမ်းကြောင်းသစ်နှစ်ခုကို ဘယ်ချိန်စတင်ပြေးဆွဲမလဲ ဆိုတာ ပြောလို့မရသေးပါဘူး။ လက်ရှိအချိန်မှာ ဆိပ်ကမ်းတွေကို လေ့လာဆန်းစစ်မှုတွေ ပြုလုပ်နေဆဲပဲ ရှိသေးတယ်။ လျာထားတဲ့ ဆိပ်ကမ်းတွေတည်ဆောက်ဖို့အတွက် ဌာနဆိုင်ရာကို တင်ပြထားပြီး ခွင့်ပြုချက်ရတာနဲ့ စတင်အကောင်အထည်ဖော်မှာပါ။ ပြေးဆွဲမယ့် ရေယာဉ်တွေကတော့ အဆင်သင့်ရှိပါတယ်” ဟု တင့်တင့်မြန်မာ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဗိုလ်တထောင် ဆိပ်ကမ်းမှ ငမိုးရိပ်ချောင်းတစ်လျှောက် ပြေးဆွဲမည့် ခရီးစဉ်အတွက် ဗိုလ်တထောင်ဆိပ်ကမ်း-(ပုဇွန်တောင်)ညောင်တန်းဆိပ်ကမ်း-ဒေါပုံဆိပ်ကမ်း (ဗိုလ်လရောင်လမ်းထိပ် အနီး)- သာကေတ(၂)ဆိပ်ကမ်း-ပုဇွန်တောင်(၂)ဆိပ်ကမ်း-သာ ကေတ(၁)ဆိပ်ကမ်း- သုဝဏ္ဏ ဆိပ်ကမ်း-တောင်ဥက္ကလာဆိပ် ကမ်း-မြောက်ဒဂုံဆိပ်ကမ်းတို့ကို ပြေးဆွဲရန် လျာထားကြောင်း သိရသည်။

ဗိုလ်တထောင်-သန်လျင် Star City  ခရီးစဉ်အတွက် ဗိုလ်တထောင်ဆိပ်ကမ်းမှ Star City အိမ်ယာအနီး-ရှုခင်းသာဟိုတယ်အနီး-(ဗိုလ်ချုပ်လမ်းထိပ်အနီး) သန်လျင်တံတားအနီး-သီလဝါ SEZ အနီးတို့တွင် ဆိပ်ကမ်း မှတ်တိုင် ၄ ခုလျာထားပြီး ဆန်းစစ်မှုများ ပြုလုပ်နေကြောင်း သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here