Volvo Cars Myanmar မှ Volvo ကားများကို ရန်ကုန်လိုင်စင်ဖြင့် ရောင်းချနိုင်ရန်အတွက် စလစ်ဖိုး ကျခံပေးမည်

596

ရန်ကုန်၊ အောက်တိုဘာ
Volvo Cars Myanmar မှ Volvo ကားများကို ရန်ကုန်လိုင်စင်ဖြင့် ရောင်းချနိုင်ရန်အတွက် စလစ်ဖိုး ကျခံပေးမည် ဖြစ်ကြောင်း သိရသည်။

Volvo Cars Myanmar မှ အောက်တိုဘာလအတွင်း The New XC40 ၊ V40 ၊ V40CC ၊ XC60 ၊ XC90 တို့ကို ဝယ်ယူမည် ဆိုပါက သီတင်းကျွတ် ပရိုမိုးရှင်း အစီအစဉ်ဖြင့် ရောင်းချပေးရာတွင် ရန်ကုန်လိုင်စင် အခမဲ့၊ ကနဦး ပေးသွင်းငွေ ၂ဝ ရာခိုင်နှုန်း၊ ငါးနှစ် အရစ်ကျစနစ်၊ 3 Years Warranty/Unlimited Kilometer ၊ 3 Years/ 100,000 km Free Service Maintenance စသည့့် အထူးပရိုမိုးရှင်းများဖြင့် ရောင်းချ မည်ဖြစ်သည်။

‘‘သီတင်းကျွတ် ပရိုမိုးရှင်း အစီအစဉ်နဲ့ Volvo Brand New ကားသစ်(Limited Stock)တွေကို ရန်ကုန်လိုင်စင်အခမဲ့နဲ့ ရောင်းချ ပေးမှာ ဖြစ်ပါတယ်’’ ဟု Volvo Cars Myanmar မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Volvo Cars Myanmar မှ ပရိုမိုးရှင်းကာလကို အောက်တိုဘာ လကုန်အထိ သတ်မှတ်ထားပြီး V40 ကို အမေရိကန်ဒေါ်လာ ၅၅,ဝဝဝ၊The New XC40 ကို အမေရိကန်ဒေါ်လာ ၈၅,ဝဝဝ၊ V40CC ကို အမေရိကန်ဒေါ်လာ ခုနစ်သောင်း၊ XC60 ကို အမေ ရိကန်ဒေါ်လာ ၁၁၅,ဝဝဝ၊ XC90 ကို အမေရိကန်ဒေါ်လာ ၁၇၅,ဝဝဝ ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း၊ ပါဝင်သည့်ဂရိတ်နှင့် အရောင်အ ပေါ် မူတည်၍ စျေးနှုန်းအနည်း ငယ် ကွာခြားမည်ဖြစ်ကြောင်း သိ ရသည်။
ဆန်းသစ်ေအာင်

LEAVE A REPLY

Please enter your comment!
Please enter your name here