ဆွီဒင်နိုင်ငံအခြေစိုက် ကမ္ဘာကျော် Volvo ဇိမ်ခံကားများကို မြန်မာနိုင် ငံသို့ တင်သွင်းရောင်းချလျက်ရှိ သော Performance Auto International ကုမ္ပဏီမှ Volvo Cars Group နောက်ဆုံးပေါ်မျိုးဆက်သစ် ၂၀၁၈ မိုဒယ် The All-New XC60 Premium SUV ကားသစ် မိတ်ဆက်ပွဲကို နိုဝင်ဘာ ၁၁ ရက် က Lotte ဟိုတယ်တွင် ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။
The All-New XC60 သည် Premium Mid-size SUV ကား အမျိုးအစားဖြစ်ပြီး ကမ္ဘာပေါ်ရှိ လုံခြုံစိတ်ချရမှုအရှိဆုံး မော်တော်ယာဉ်များထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။ အဆိုပါကားတွင် Steer Assist လုပ်ဆောင်မှု ထည့်သွင်း ထားသည့် City Safety လုံခြုံရေး စနစ်ပါရှိပြီး နောက်ဆုံးပေါ် Pilot Assist နည်းပညာ ပါဝင်သောကြောင့် ထိန်းချုပ်မောင်းနှင်မှု၊ အမြန်နှုန်းနှင့် ဘရိတ်ဖမ်းခြင်းတို့ကို ဖြတ်မျဉ်းများ ထင်ရှားပေါ်လွင်သည့်
လမ်းများပေါ်တွင် အလိုအလျောက် မောင်းနှင်အသုံးပြုနိုင်မည် ဖြစ်သည်။ စွမ်းဆောင်ရည်အနေဖြင့် Volvo ၏ ထိပ်တန်းအဆင့်မြင့် 2.0L T6 ဓာတ်ဆီအင်ဂျင် တပ် ဆင်ပေးထားပြီး မြင်းကောင်ရေ ၃၂၀ အား ထုတ်လုပ်ပေးမည်ဖြစ် သည်။
”အခု မိတ်ဆက်လိုက်တဲ့ ၂၀၁၈ မိုဒယ် XC60 ဟာ The All-New ဖြစ်သွားတဲ့အတွက် ကိုယ်ထည်ဒီဇိုင်း၊ အတွင်းခန်း ဖွဲ့ စည်းပုံနဲ့ စွမ်းဆောင်ရည်တွေက ၂၀၁၇ မိုဒယ်နဲ့ လုံးဝမတူတော့ဘဲ အားလုံး ပြောင်းလဲသွားပါတယ်၊ ၂၀၁၇ မိုဒယ်ထက် အနည်းငယ် ပို ရှည်၊ ပိုကျယ်ပြီး ပိုနိမ့်ထားပါတယ်၊ ရှေ့ Grille ဒီဇိုင်း၊ မီးခွက်၊ ကိုယ်ထည် လိုင်းတွေကအစ အားလုံး ဒီဇိုင်းအသစ်ဖြစ်သွားပြီး စွမ်းဆောင်ရည်ပိုင်းမှာလည်း ပို အဆင့်မြှင့်တင်ထားတဲ့ 2.0L T6 အင်ဂျင်ကို အသုံးပြုထားပါတယ်၊ ဒီကားဟာ Volvo ရဲ့ အနာဂတ်ကို လှမ်းချီနေတဲ့ စီမံကိန်းရဲ့ကြီးမားတဲ့ ခြေလှမ်းတစ်ခု ဖြစ်ပါတယ်”ဟု Volvo Cars Myanmar မှ General Manager ဖြစ်သူ Mr.Temmy Wiradjaja က ပြောကြားခဲ့သည်။
Volvo Cars Myanmar မှ ၂၀၁၈ မိုဒယ် The All-New XC60 ကို ဂရိတ်အပေါ်မူတည်ကာ အမေရိဒေါ်လာ ၁၁၅,ဝ၀ဝ မှ ၁၃၀,ဝ၀ဝ ကြားရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
သက်ပိုင်