Volvo Car Myanmar မှ ကားအမျိုးအစားအသစ် The New XC60 T6 Inscription 2020 ကို ပြည်တွင်းစျေးကွက်၌ စတင်ရောင်းချ

224

 

ရန်ကုန်၊ ဇူလိုင် ၁
Volvo Car Myanmar မှ ကားအမျိုးအစားအသစ် The New XC60 T6 Inscription 2020 ကို ပြည်တွင်းစျေးကွက်၌ စတင်ရောင်း ချနေပြီဖြစ်ကြောင်း သိရသည်။

ဆွီဒင်အခြေစိုက် Volvo Cars ကုမ္ပဏီမှ XC60 မိုဒယ် စီးရီးကို ၂ဝဝ၈ ခုနှစ်ကတည်းက စတင် မိတ်ဆက်ခဲ့ပြီး XC60 စီး ရီးစ်များသည် Volvo ၏ ရောင်းအားအကောင်းဆုံး မိုဒယ်ထဲတွင် ပါဝင်ခဲ့သည်။ XC60 မိုဒယ်ကို ၂ဝဝ၈ မှ ၂ဝ၁၇ ခုနှစ်အထိ ပထမ မျိုးဆက်အဖြစ်သတ်မှတ်ပြီး ၂ဝ၁၇ မှနောက်ပိုင်းထုတ်လုပ်သည့် ကား များမှာ ဒုတိယမျိုးဆက်ဖြစ်သည်။ XC60 သည် SUV ကားအမျိုးအစားဖြစ်ပြီး အသစ်မိတ်ဆက်သည့် ၂ဝ၂ဝ မိုဒယ်တွင် 1969CC 4 Cylinder Petrol Engine တပ်ဆင်ပေးထားပြီး 320hp ၊ 8-AT-AWD Gear ကို တွဲဖက်အသုံးပြုထားသည်။ အတွင်းခန်းတွင် 2 Zone Electronic Climate Control စနစ်ပါဝင်ပြီး Panorama Sunroof လည်း ပါဝင် သည်။ Infotainment စနစ်အတွက် 12.3 Inches အရွယ်ရှိ LCD မျက်နှာပြင်တစ်ခုပါဝင်ပြီး အတွင်းခန်းကို ကျွန်းကွက်ဖြင့် ဒီဇိုင်းဖန် တီးထားသည်။ ဖျော်ဖြေရေးအတွက် အသံဖြင့် ဆောင်ရွက်နိုင်သည့် Sensus Navigation စနစ်ပါဝင်ပြီး အသံပိုင်းအတွက် High Performance စပီကာများ ပါဝင် သည်။ ထို့ပြင် Collision Mitiga-tion Support စနစ်၊ Parking Assistance အပါအဝင် အဆင့်မြင့် Feature (360 Camera ? Pilot Assist)များနှင့် Hill Start Assist ၊ Hill Descent Control တို့ ပါဝင်သည်။

Volvo Car Myanmar မှ ကားအမျိုးအစားအသစ် The New XC60 T6 Inscription 2020 ကို အမေရိကန်ဒေါ်လာ ၁၁၂,ဝဝဝ (Starting Price) ဖြင့် ရောင်းချ မည်ဖြစ်ပြီး အာမခံသုံးနှစ်၊ သို့မ ဟုတ် ကီလိုမီတာ တစ်သိန်း ပေး မည်ဖြစ်သည်။
ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here