Volvo မှ The New 2018 XC40 Premium Compact SUV ကားသစ် မြန်မာပြည်စျေးကွက်အတွင်း စတင်မိတ်ဆက်

434

 

ရန်ကုန်၊ မေ

Volvo မှ The New 2018 XC40 Premium Compact SUV ကားသစ်ကို မြန်မာပြည်စျေးကွက်အတွင်း စတင်မိတ်ဆက်ရောင်းချသည့်အခမ်းအနားကို မေ ၁၁ ရက်က Sedona Hotel Yangon တွင် ကျင်းပပြုလုပ်ခဲ့သည်။

The New Volvo XC40 ကို 2.0L Turbocharged စနစ်သုံး T5 ဓာတ်ဆီအင်ဂျင် တပ်ဆင်ထားပြီး မြင်းကောင်ရေ ၁၂၈ ကီလိုဝပ်ရှိသည့် အင်ဂျင်အမျိုးအစားဖြစ်သည်။ The New Volvo XC40 တွင် Pilot Assist စနစ်ဖြင့် အလိုအလျောက် မောင်းနှင်ခြင်း၊ အရှိန်မြှင့်တင်ခြင်းနှင့် ရပ်တန့်ခြင်းတို့ကို ပြုလုပ်နိုင်ပြီး တစ်နာရီလျှင် ၁၃ဝ ကီလိုမီတာမြန်နှုန်းအထိ မောင်းနှင်နိုင်ကြောင်း သိရသည်။ Apple Carplay နှင့် Android Auto တို့ဖြင့် ချိတ်ဆက်နိုင်သည့် ကြီးမားသော Tablet ပုံဗဟိုမျက်နှာပြင်ပါရှိကာ ကားမောင်းနှင်ခြင်းကို အနှောင့်အယှက်မရှိဘဲ လုံခြုံအဆင်ပြေစွာ ဖုန်းအသုံးပြု၍လည်း မောင်းနှင်နိုင်ကြောင်း သိရသည်။ ထို့ပြင် Volvo ၏ ဆန်းသစ်တီထွင်ထားသော City Safety စနစ်တွင် အခြားကားများ၊ စက်ဘီးစီးနင်းသူများ၊ လမ်းသွားလမ်းလာများနှင့် မြို့တွင်းတွင် မတော်တဆမှုများ မဖြစ်စေရန် အလိုအလျောက်ရှောင်ရှားပေးသည့် Steer Assist ပါဝင်ကြောင်း သိရသည်။ နောက်ဆုံးပေါ် ဒီဇိုင်း၊ နောက်ဆုံးပေါ်နည်းပညာများနှင့် ဘေးကင်းလုံခြုံမှု ကောင်းမွန်သောလုပ်ဆောင်ချက်များကြောင့် ၂ဝ၁၈ ခုနှစ်အတွက် European Car of the Year ဆုကိုလည်း ရရှိထားသော ကားအမျိုးအစားဖြစ်သည်။

Volvo ကားများကို မြန်မာနိုင်ငံတွင် သုံးနှစ် (ကီလိုမီတာ တစ်သိန်း) ဝန်ဆောင်မှုများနှင့် ပြုပြင်ထိန်းသိမ်းမှု အစီအစဉ်အပြင် ဝယ်ယူသည်နေ့မှ သုံးနှစ်အထိ Unlimited ယာဉ်စက်ရုံအာမခံပေးထားသည်။ အသစ်မိတ်ဆက်လိုက်သည့် XC40 ကို ပါဝင်သည့် Option အပေါ်မူတည်ပြီး ကားတန်ဖိုး အမေရိကန်ဒေါ်လာ ၈၃,ဝဝဝ မှ ၉၅,ဝဝဝ အတွင်း စျေးသတ်မှတ်ကာ ရောင်းချပေးနေကြောင်း သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here