Volvo က အိန္ဒိယနိုင်ငံတွင် မော်တော်ကားများ စတင်ထုတ်လုပ်

632

 

ဆွီဒင်ကားထုတ်လုပ်ရေး ကုမ္ပဏီ Volvo ၏ ရုံးခွဲတစ်ခုဖြစ်သော Volvo Auto India ၏ အိန္ဒိယနိုင်ငံရှိ ကိုယ်ပိုင်ကားစက်ရုံမှ ကားများစတင် ထုတ်လုပ်မည်ဖြစ်ကြောင်း အောက်တိုဘာ ၁၀ ရက်တွင် Live Mint သတင်းဌာနက ရေးသားဖော်ပြခဲ့ သည်။

ယခုလက်ရှိတွင် အဆင့်မြင့် SUV ကား အမျိုးအစားဖြစ်သည့် XC90 ကို စတင်တပ်ဆင်ထုတ် လုပ်နေပြီဖြစ်ကာ S90 Sedan ၊ XC 60 SUV တို့အပါအဝင် အခြား ကားအမျိုးအစား များစွာကိုလည်း ဆက်လက် ထုတ်လုပ်သွားမည်ဟု အိန္ဒိယကုမ္ပဏီခွဲမှ မန်နေဂျင်းဒါရိုက်တာ Charles Frump က ပြော သည်။ ထိုသို့ ထုတ်လုပ်ခြင်းဖြင့် လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ကုမ္ပဏီ ၏ ဇိမ်ခံကားဈေးကွက်ဝေစုကို ၁၀ ရာခိုင်နှုန်း တိုးတက်စေနိုင်သည်ဟု သိရသည်။ Volvo သည် လက်ရှိ တွင် အိန္ဒိယနိုင်ငံ၌ Sports Sedan Volvo’360 ၊ Performance Sedan Volvo S60 Polestar ၊ Premium Sedan Volvo S60 Cross Country နှင့် Luxury Hatchback Volvo V40 တို့အပါအဝင် ကားမိုဒယ် ကိုးမျိုးကို ရောင်းချ လျက်ရှိသည်။ Volvoအနေဖြင့် တခြားပြိုင်ဘက် ကုမ္ပဏီများဖြစ်ကြ သည့် Mercedes Benz AG ၊ BMW AG ၊ Audi AG တို့နှင့်မတူ ဘဲ အိန္ဒိယနိုင်ငံတွင် ကားရောင်းချမှု သက်တမ်း ခုနစ်နှစ်ရှိနေသော်လည်း ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်မှု မပြုဘဲ ကားများကို ပြည်ပမှ တင် သွင်းရောင်းချနေခြင်းဖြစ်သည်။ အိန္ဒိယ နိုင်ငံသည် နိုင်ငံတွင်းသို့ တင်သွင်း လာသည့် ကားအစီးလိုက်အပေါ် အခွန် ၁၂၀ ရာခိုင်နှုန်း စည်းကြပ်ပြီး CKD ကားများအပေါ်တွင်မူ အခွန် ၆၀ ရာခိုင်နှုန်း စည်းကြပ်လျက်ရှိသည်။ Volvo အနေဖြင့် ပြည်တွင်း၌ တပ် ဆင်ထုတ်လုပ်သော်လည်း ကားဈေး နှုန်းလျှော့ချရန် အစီအစဉ်မရှိဟု သိရသည်။ ယခင်ကလို ဆွီဒင်နိုင်ငံမှ မှာယူရခြင်းမျိုး မဟုတ်တော့ဘဲ နိုင်ငံ တွင်း၌ပင် စက်ရုံရှိနေပြီဖြစ်ရာ ဝယ် ယူသူများအနေဖြင့် မြန်မြန်ဆန်ဆန် ကား လက်ဝယ်ရရှိတော့မည် ဖြစ် ကြောင်း Frump က ပြောသည်။

ယခုနှစ်၏ ပထမ ကိုးလတာ ကာလအတွင်း Volvo မှ ရောင်းချ နိုင်ခဲ့သည့် ကားအစီးရေမှာ နှစ် ထောင် ရှိပြီဖြစ်သည့်အတွက် ယမန် နှစ်က ရောင်းအားထက် ၂၅ ရာခိုင် နှုန်း တိုးတက်ခဲ့သည်။ Volvo က လတ်တလောတွင် အိန္ဒိယနိုင်ငံ အတွက် ကားအရောင်းကိုယ်စား လှယ် ၁၀ ဦး ထပ်မံထားရှိရန် စီစဉ် ထားသလို လာမည့် ၂ နှစ်တာကာလ အတွင်း ကားအရောင်းကိုယ်စားလှယ် သုံးဆယ်အထိ တိုးမြှင့်သွားနိုင်ရန် မျှော်မှန်းထားသည်ဟုလည်း သိရ သည်။ ၂၀၁၉ ခုနှစ်မှ စတင်ကာ နောက်ပိုင်းကာလများတွင်Volvo  မှ ထုတ်လုပ်မည့် ကားသစ်များမှာ  တစ်စိတ်တစ်ပိုင်း၊ သို့မဟုတ် ဘက် ထရီစွမ်းအင် အပြည့်အဝ သုံးကား များဖြစ်သွားမည်ဟုVolvo  က ယခု နှစ်၊ ဇူလိုင်လကတည်းက ထုတ်ပြန် ကြေညာပြီးဖြစ်သလို ကုမ္ပဏီ၏ အိန္ဒိယ မဟာဗျူဟာသည် ၂၀၃၂ ခုနှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ် ကားဈေးကွက်အဖြစ် ရပ်တည်နိုင်ရေး ဟူသည့် အစိုးရ၏ အနာဂတ်လျှပ်စစ် စွမ်းအင်သုံး သယ်ယူပို့ဆောင်ရေး စီမံကိန်းနှင့်လည်း ကိုက်ညီနေကြောင်း သိရသည်။

Ref: Live Mint

LEAVE A REPLY

Please enter your comment!
Please enter your name here