ရန်ကုန်၊ ဇူလိုင် ၂၁
Volkswagen Myanmar မှ Volkswagen ကားများကို အထူးအစီ အစဉ်များဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
Volkswagen Showroom တွင် ရောင်းချသည့် ကားအမျိုးအစား အားလုံးကို ဇူလိုင်လကုန်အထိ အထူးအစီအစဉ်များဖြင့် ရောင်းချသွား မည်ဖြစ်သည်။
“ပရိုမိုးရှင်းကာလအတွင်းမှာ ဝယ်ယူသူတွေအတွက် Heat Reduction ကောင်းမွန်တဲ့ V-Kool Brand Window Tint Sticker အခမဲ့ကပ်ပေးခြင်း၊ AYA Bank နဲ့ ချိတ်ဆက်ပြီး ကားတန်ဖိုး ၂ဝ ရာ ခိုင်နှုန်းပေးသွင်းရုံနဲ့ တစ်နှစ်ကနေ ငါးနှစ်အထိ အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ခြင်း၊ 24 hrs Roadside Assistance Package (ရန်ကုန် နှင့် မန္တလေးအနီးတစ်ဝိုက်) စတဲ့အခွင့် အရေးတွေကို ရရှိမှာဖြစ်ပါတယ်”ဟု Volkswagen Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
Volkswagen Myanmar မှ Volkswagen ကားများကို ဝယ်ယူမည်ဆိုပါ Golf ကို အမေရိကန်ဒေါ်လာ ၄၆,၄ဝဝ၊ Tiguan ကို အမေ ရိကန်ဒေါ်လာ ၆၅,ဝဝဝ၊ Polo ကို အမေရိကန်ဒေါ်လာ ၂၅,၉ဝဝ၊ Vento ကို အမေရိကန်ဒေါ်လာ ၂၆,၈ဝဝ ဖြင့် ရောင်းချပေးနေပြီး ထိုကားများအတွက် ၂ နှစ်၊ သို့မဟုတ် ကီလိုမီတာတစ်သိန်း အာမခံ ပေးထားကြောင်း သိရသည်။
ရဲထွန်းကျော်