Van ကားအား ရုံးခန်းအသွင်ပြောင်းလဲအသုံးပြုသည့် အိုင်တီဝန်ထမ်းတစ်ဦး ယခင်ထက် ဝင်ငွေပိုကောင်း

1167

New Hampshire ပြည်နယ်၊ Bedford မြို့သား Tim Lutz ဆိုသူသည် ၎င်းပိုင်ဆိုင်သည့် Nissan Cargo Van ကားကို Wi-Fi နှင့် ကွန်ပျူတာများ တပ် ဆင်ကာ ရွေ့လျားရုံးခန်းအဖြစ် ပြောင်းလဲ အသုံးပြု၍ တစ်နှစ် လျှင် ပေါင် ရ၇,ဝဝဝ ဝင်ငွေရှိ သည့် အလုပ်အား ဆက်လက် လုပ်ကိုင်လျက်ရှိကြောင်း မေ ၃ဝ ရက်တွင် Daily Mail ြငေူ သတင်း ဌာနက ရေးသားဖော်ပြခဲ့သည်။
လက်ရှိ၌ ကော်လိုရာဒို ပြည်နယ်၊ Fruita မြို့တွင်ရှိ နေသည့် ပရော်ဖက်ရှင်နယ် ခရီး ဝေး တောင်တက် စက်ဘီးသမား တစ်ဦးဖြစ်သူ Tim ၏ ပြင်းပြ သော စက်ဘီးစီး ဝါသနာက ရုံးမှနေ၍ ဗန်ကားပေါ်သို့ အလုပ် ပြောင်းလုပ်ရန် နှိုးဆွပေးခဲ့ခြင်း ဖြစ်သည်။ ဗန်ကားပေါ် မနေထိုင် ခင်က ရက်သတ္တတစ်ပတ်လုံး ရုံးတက်ပြီး သောကြာနေ့ ညနေ တွင် စက်ဘီးဖြင့် တောင်တက် ကာ တနင်္ဂနွေညမှ အိမ်ပြန် ရောက်ကြောင်း၊ ထို့ထက် ပိုမို ကောင်းမွန်သည့် နည်းလမ်းကို သိရှိခဲ့ကြောင်း Global Technology Resources နည်းပညာ ကုမ္ပဏီအတွက် အိုင်တီပိုင်း ဆိုင်ရာ ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်ပေးနေသူ အသက် ၃၈ နှစ်အရွယ် Tim က ပြောသည်။
”ဗန်ကားပေါ် နေတဲ့ဘဝ ကို ကြိုက်တာတွေထဲက တစ်ခု က နေထွက်တာနဲ့ နိုးတော့ အလုပ် စောစောလုပ်နိုင်တဲ့ အတွက် ရုံးတက်ပြီး အလုပ်လုပ် တာထက် အများကြီးထိရောက် တယ်၊ ဗန်ကားပေါ်မှာ ပိုပြီး လုပ်အားနှုန်း ကောင်းတယ်ဆို တာ ကျွန်တော့်အလုပ်ရှင်ကို သက်သေပြနိုင်ခဲ့တယ်၊ ၂ဝ၁၂ ခုနှစ်မှာ ဒီကုမ္ပဏီနဲ့ အလုပ်စ လုပ်တော့ လစာ ပေါင် ၂၇,ဝဝဝ နဲ့ အပိုဆုငွေ ပေါင် ရ,၇ဝဝ ရ တယ်၊ အချိန်တွေအများကြီးရင်း၊ ပင်ပင်ပန်းပန်း လုပ်၊ ဒါပေမဲ့ ဝင်ငွေကတော့ မျှော်လင့်သလို မဟုတ်ဘဲ အများကြီးနည်းတယ်၊ ကိုယ့်ကားထဲမှာပဲ လုပ်တော့ အာရုံလွင့်စရာတွေ နည်းတယ်၊ ရုံးမှာဆိုရင် တစ်နေ့လုံး အာရုံ လွင့်စရာတွေ ဖြစ်နေတယ်၊ အခု ကိုယ့်ကားထဲမှာပဲ ကားတွင်း နည်းပညာ ပစ္စည်းတွေသုံးပြီး အလုပ်ရှင်နဲ့ မိုင်ပေါင်းများစွာ ဝေးနေပေမဲ့ ခဏခဏဆက်သွယ် လို့ရတယ်၊ မန်နေဂျာတွေဆီကို ဒီကနေပဲ အစီရင်ခံတယ်” ဟု Tim က ပြောသည်။
Tim သည် ၎င်း၏ကားနှင့် ဗြိတိသျှကိုလံဘီယာ၊ အရီဇိုး နား၊ နယူးမက္ကဆီကိုနှင့် ကော် လိုရာဒို အစရှိသည့်နေရာများသို့ ခရီးထွက်ခဲ့ပြီးဖြစ်ကာ ကားပေါ် တွင် ချက်ပြုတ်ရခြင်းကဲ့သို့ အ သေးအဖွဲအရာများကိုလည်း နှစ် သက် ပျော်ရွှင်နေပြီဖြစ်သည်။ အားလပ်ရက်များတွင် စွန့်စား ခရီး စက်ဘီးစီးခြင်း၊ လမ်း လျှောက်ခြင်းတို့ကို ပြုလုပ်လေ့ ရှိပြီး လတ်တလောတွင် Tim သည် အီတလီနိုင်ငံ၌ ဇွန်လ အတွင်းကျင်းပမည့် ၎င်းအတွက် တတိယအကြိမ်မြောက်ဖြစ်သည့် ကမ္ဘာ့တောင်တက် စက်ဘီးစီး ချန်ပီယံပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင် ရန် ပြင်ဆင်နေကြောင်းသိရသည်။
”အခုလို ကားပေါ်မှာပဲ နေ ပြီး အလုပ်လုပ်မယ့် အစီ အစဉ် ကို ကျွန်တော့်အလုပ်ရှင်တွေက နှစ်ကြိမ်ငြင်းဆန်ခဲ့ပြီး ခုနစ်လ ကြာမှ လက်ခံခဲ့တာပါ၊ စိန်ခေါ်မှု တွေများပေမဲ့ နောက်ဆုံးမှာ ကျွန် တော့်ပန်းတိုင်ကို အရောက်လှမ်း နိုင်ခဲ့တယ်၊ ဒါကြောင့် တခြားသူ တွေက ဘယ်လောက်အရူးထ တယ်လို့ ပြောပြော ကိုယ့်အိပ်မက် နောက်ကို အဆုံးအထိလိုက်ဖို့ ပြောချင်ပါတယ်၊ ဘယ်တော့မှ လက်မလျှော့ပါနဲ့” ဟု Tim က အခြားသူများကိုပါ တိုက်တွန်း ပြောဆိုခဲ့သည်။
Ref: Daily Mail

LEAVE A REPLY

Please enter your comment!
Please enter your name here