United Diamond Motor ကုမ္ပဏီမှ ကားအမျိုးအစားလေးခုကို Special Promotion အစီအစဉ်ဖြင့် ရောင်းချပေးမည်

518

ရန်ကုန်၊ မေ

United Diamond Motor ကုမ္ပဏီမှ ကားအမျိုးအစားလေးခုကို Special Promotion အစီအစဉ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

Ending Summer Big Promotion အစီအစဉ်အဖြစ် မေ ၄ ရက်မှ ၆ ရက်အထိ Nissan Brand New Car အမျိုးအစားလေးခုကို မူရင်းထက်သက်သာသော  စျေးနှုန်းဖြင့် ရောင်းချပေးမည်ဖြစ်သည်။

ပရိုမိုးရှင်းအစီအစဉ်တွင် Nissan X-Trail အတွက် Cash Discount  အမေရိကန်ဒေါ်လာ ၆,၅ဝဝ၊ Nissan Altima အတွက် Cash Discount အမေရိကန်ဒေါ်လာ ငါးထောင်၊ Nissan Navara Double Cab 2016 Model Brand New အတွက် Cash Discount အမေရိကန်ဒေါ်လာ ၂,၉ဝဝ၊ Nissan Navara Double Cab 2017 Model Brand New Car Only Cash Discount  အမေရိကန်ဒေါ်လာ နှစ်ထောင်၊ Nissan Sunny Brand New အတွက် Cash Discount ကျပ် ခုနစ်သိန်းနှင့် Car Accessories များလည်း ပေးမည်ဖြစ်ကြောင်း သိရသည်။

ထိုကားအမျိုးအစားလေးခုကို UDM Showroom များဖြစ်သည့် အရောင်းပြခန်း(၁)၊ အမှတ် (၁၃၉)တက္ကသိုလ်ရိပ်သာလမ်း၊ ကမာရွတ်မြို့နယ်နှင့် အရောင်းပြခန်း(၂)၊ ဝေဇန္တာလမ်း အမှတ်(၃)ရပ်ကွက် တောင်ဥက္ကလာပ မြို့နယ်တို့တွင် ဆက်သွယ်မေးမြန်း ဝယ်ယူနိုင်ကြောင်း သိရသည်။ Nissan Brand New ကားအမျိုးအစားများကို လက်ငင်းစနစ်အပြင် အရစ်ကျစနစ်အဖြစ်လည်း ရောင်းချပေးနေပြီး Warranty အတွက် သုံးနှစ်၊သို့မဟုတ် ကီလိုမီတာ တစ်သိန်း အာမခံပေးထားကြောင်း သိရသည်။

 

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here