TVS ဆိုင်ကယ်များ   စစ်ဆေးပေးရာတွင်  ဝါယာရင်းပိုင်းနှင့်  ချိန်းလျော့သည့်   ပြစ်ချက်များသာတွေ့ဟု  ဆို

1066

အိန္ဒိယနိုင်ငံထုတ် နာမည်ရ Brand တစ်ခုဖြစ်သည့် TVS ဆိုင်ကယ်များကို စက်တင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်က မန္တလေးမြို့၊ ငုရွှေဝါ လမ်းနှင့် ၇၂ လမ်းထောင့်ရှိ TVS ဆိုင်ကယ် အရောင်းပြခန်းတွင် ကျွမ်းကျင်ပညာရှင်များက အခမဲ့ စစ်ဆေးပေးခဲ့ရာ ဝါယာရင်းပိုင်းနှင့် ချိန်းလျော့သည့် ပြစ်ချက်များသာ တွေ့ရှိရကြောင်း သိရသည်။

 

”ပြီးခဲ့တဲ့ ရက်ပိုင်းက TVS ဆိုင်ခွဲ နှစ်ဆိုင်မြောက် တိုးချဲ့ဖွင့်လှစ်တဲ့ အထိမ်းအမှတ်အနေနဲ့ ဘယ်ဆိုင်က ဝယ်ထားတာဖြစ်ဖြစ် TVS ဆိုင်ကယ်တိုင်း အင်ဂျင်ဝိုင်အခမဲ့လဲလှယ်ပေးခဲ့သလို အခမဲ့ စစ်ဆေးပေးခဲ့တယ်၊ အဲဒီလို စစ်ဆေးပေးခဲ့တဲ့အချိန်မှာ ဝါယာရင်းပိုင်းနဲ့ ချိန်းလျော့နေတဲ့ပြစ်ချက်တွေ၊ အမဲဆီလိုက်ရတဲ့ ပြစ်ချက်အနည်း ငယ်လောက်ပဲတွေ့ရတယ်၊ တခြား ကြီးကြီးမားမား ပြစ်ချက်မတွေ့ရ ပါဘူး၊ ပြစ်ချက်တွေ အကုန်လုံး Customer စိတ်တိုင်းကျအောင် အခမဲ့ စစ်ဆေးပြင်ပေးခဲ့ပါတယ်”ဟု အိန္ဒိယ TVS ဆိုင်ကယ်၏ Main Dealer  တစ်ဦးဖြစ်သူ ‘DT Naing Oo ဆိုင်ကယ်အရောင်းပြခန်း’ပိုင်ရှင် ဦးနိုင်ဦးက ပြောသည်။

 

TVS ဆိုင်ကယ်များ Quality ကောင်း မကောင်း၊ ကာဗာများ ကြံ့ခိုင်မှု၊ ရှေ့ဖောက်/နောက်ဖောက် အလုပ်လုပ်မှုအခြေအနေ၊ ဝါယာရင်းပိုင်း စသောအစိတ်အပိုင်းများ၏ အလုပ်လုပ်နိုင်စွမ်းနှင့် အာမခံပေးနိုင်မှု အခြေအနေတို့ကို ပြသလိုခြင်းနှင့်အတူ TVS ဆိုင်ကယ်အရောင်းပြခန်း ဒုတိယမြောက်ဆိုင် တိုးချဲ့ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အဖြစ် TVS ဆိုင်ကယ်များ နှစ်ရက်တာ အခမဲ့စစ်ဆေးပေးမှုတွင် Service ကျွမ်းကျင်ပညာရှင်များ နှင့် ဝါရင့်ဝပ်ရှော့ဆရာများက စစ ဆေးပေးခဲ့ခြင်းဖြစ်ကြောင်း   DT Naing Oo ဆိုင်ကယ်အရောင်းပြခန်းမှ သိရသည်။

 

”တချို့ဆိုင်ကယ်တွေမှာ မီးကောင်းကောင်းမလိုက်ချင်တဲ့ ပြစ်ချက်အနည်းငယ်နဲ့ ချိန်းလျော့လို့ ချိန်းတင်းပြီး အမဲဆီလိုက်ရတဲ့ပြစ်ချက်တွေလောက်ပဲ တွေ့ခဲ့ရပါတယ်၊ အဓိကကတော့ TVS ဆိုင်ကယ်သုံး စွဲတဲ့သူတွေအကုန်လုံး ကီလိုအလိုက် ပုံမှန်စစ်ဆေးကြဖို့နဲ့ နှစ်ကြာတာနဲ့ အမျှ ဘာပြစ်ချက်တွေ အတွေ့ရများ လဲဆိုတာ သိချင်တာရောကြောင့် အခုလိုအစီအစဉ်လေး လုပ်ဖြစ်ခဲ့တာပါ”ဟု ဦးနိုင်ဦးက ထပ်မံဆိုသည်။

 

လက်ရှိတွင် အိန္ဒိယနိုင်ငံထုတ် TVS ဆိုင်ကယ်အမျိုးအစား အားလုံးကို အင်ဂျင် ၂ နှစ် အာမခံပေး ထားပြီး ဆိုင်ကယ်တစ်စီး ဝယ်ယူသူတိုင်းအတွက် ကျပ်သုံးသောင်းမှ ကျပ်တစ်သိန်းအထိ မဲဖောက်ပေးမည့် ဗလာမပါ ကံစမ်းမဲများလည်း ထည့်သွင်းရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here