KIA Myanmar မှ ကားအမျိုးအစား သုံးမျိုးကို အထူးအစီအစဉ်များဖြင့် ရောင်းချမည်

814

 

ရန်ကုန်၊ စက်တင်ဘာ
KIA Myanmar မှ ကားအမျိုးအစား သုံးမျိုးကို အထူးအစီအစဉ်များဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရ သည်။

KIA Myanmar မှ စက်တင် ဘာလအတွင်း Rio , Picanto , Sportage GT ကားများကို အထူး သက်သာသောနှုန်းထားများ၊ အခြား ပရိုမိုးရှင်းအစီအစဉ်များဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရ သည်။

‘‘Picanto ကို ဝယ်ယူမယ်ဆို ရင် အမေရိကန်ဒေါ်လာ ၁၂ဝ စတင်ပေးသွင်းပြီး ပိုင်ဆိုင်နိုင်မယ့် Lowest Installment Deal အစီအစဉ်၊Sportage GT ကို ဝယ်ယူ မယ်ဆိုရင် သုံးလအထိ လစဉ်ကြေး ပေးသွင်းစရာမလိုတဲ့ Own Kia Now Pay Later အစီအစဉ်၊ ကျပ် ငါးသိန်းတန်ဆီဘောက်ချာ၊ ကျပ် ငါးသိန်းတန်ဖိုးရှိ USA Made Xpel Window Film Coupon နဲ့ ရန်ကုန်လိုင်စင်ရရှိမှာ ဖြစ်သလို Rio ကို ဝယ်ယူမယ်ဆိုရင် အမေရိကန်ဒေါ်လာ ၁၅၄ ဒေါ်လာ စတင် ပေးသွင်းပြီး ပိုင်ဆိုင်နိုင်မယ့် Lowest Installment Deal အစီအစဉ်ပါဝင်မှာဖြစ်ပါတယ်’’ဟု Kia Myanmar မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

Kia Myanmar မှ Kia Rio ကို အမေရိကန်ဒေါ်လာ ၂၃,၉၉ဝ၊ Kia Sportage GT ကို အမေ ရိကန်ဒေါ်လာ ၄၇,ဝဝဝ၊ Kia Picanto ကို အမေရိကန်ဒေါ်လာ ၁၈,၉ဝဝ ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး Rio နှင့် Picanto ကားများအတွက် ငါးနှစ်၊ သို့မဟုတ် ကီလိုမီတာတစ် သိန်း၊ Sportage GT အတွက် ခုနစ်နှစ်၊ သို့မဟုတ် ကီလိုမီတာ တစ်သိန်းခွဲ အာမခံပေးထားကြောင်း သိရသည်။
ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here