Toyota Myanmar မှ အသစ်မိတ်ဆက်လိုက်သည့် Toyota Avanza အပါအဝင် ကားအမျိုးအစား ရှစ်မျိုးကို မြန်မာပလာဇာတွင် ပြသရောင်းချခဲ့ရာ ပြပွဲကာလအတွင်း အစီးရှစ်ဆယ်ကျော် ရောင်းချခဲ့ရ

1905

ရန်ကုန်၊ မေ

Toyota Myanmar မှ စျေးကွက်ထဲသို့ အသစ်မိတ်ဆက်လိုက်သည့် Toyota Avanza အပါအဝင် ကားအမျိုးအစားရှစ်မျိုးကို မြန်မာပလာဇာတွင် ပြသရောင်းချခဲ့ရာ ပြပွဲကာလအတွင်း အစီးရှစ်ဆယ်ကျော် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မေ ၄ ရက်မှ ၆ ရက်အထိ မြန်မာပလာဇာ၌ ပြုလုပ်ခဲ့သော ကားအရောင်းပြပွဲတွင် Toyota မှ ကားအမျိုးအစား ရှစ်မျိုး၊ ကားအစီးရေ ၁၁ စီးကို ပြသရောင်းချခဲ့ရာ ပြပွဲတွင် ပြည်တွင်းစျေးကွက်အတွင်း အသစ်မိတ်ဆက်လိုက်သည့် Toyota Avanza အပါအဝင် Land Cruiser ၊ Fortuner ၊ Vios ၊ Camry ၊ Double Cab ၊ Extra Cab ၊ Hiace နှင့် Corolla တို့ကို ပြသရောင်းချခဲ့ပြီး အစီးရှစ်ဆယ်ကျော် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

ပြည်တွင်းကားစျေးကွက်အတွင်း စတင်မိတ်ဆက်ခဲ့သည့် Toyota Avanza သည် Face Lift ဒီဇိုင်းနှင့် ခံ့ညားလှပသည့်အသွင်အပြင်ရှိပြီး ထိုင်ခုံသုံးတန်း၊ ခုနစ်ယောက်စီး ကားအမျိုးအစားဖြစ်သည်။ Avanza သည် Dual VVT-I 1.3 L ဓာတ်ဆီအင်ဂျင်ဖြစ်၍ ဆီစားသက်သာပြီး Auto Gear လေးချက် တပ်ဆင်အသုံးပြုထားသည်။ Dual Aircon ၊ 6.2 inches Touch Screen တို့ ပါဝင်ပြီး လုံခြုံရေးစနစ်အတွက် လည်း ABS Brake စနစ်နှင့် Toyota Vehicle Security System တို့ အသုံးပြုထားသည်။

ယင်းကားအရောင်းပြပွဲတွင် အသစ်ဝင်ရောက်လာသည့် Toyota Avanza မှာ စိတ်ဝင်စားသူများပြားခဲ့ပြီး ရောင်းချခဲ့ရသည့်အရေအတွက်လည်း များပြားခဲ့သည်။ Toyota Myanmar မှ ၂ဝ၁၈ မိုဒယ် Avanza ကားသစ်ကို အမေရိကန်ဒေါ်လာ ၁၉,၅ဝဝ ဝန်းကျင်ဖြင့် ရောင်းချပေးနေပြီး ကားတန်ဖိုး ၃ဝ ရာခိုင်နှုန်း ပေးသွင်းရုံဖြင့် တစ်နှစ်မှ ငါးနှစ်အထိ အရစ်ကျစနစ်ဖြင့်လည်း ဝယ်ယူနိုင်ကြောင်း သိရသည်။

ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here